တနေ့ စာ ပြဿနာ



နံနက်မိုးလင်းပြီဆိုတာနဲ့ 

ပြဿနာတွေနဲ့မျက်နှာသစ်တယ်
ပြဿနာတွေနဲ့ မနက်စာ စားတယ်
ပြဿနာတက်တတ်တဲ့အ၀တ်အစားတွေဝတ်လို့ 
ပြဿနာတွေတန်းဆီနေတဲ့ နေရာကို
ပြဿနာတွေလုပ်ဖို့ အတွက်
ပြဿနာတွေထည့်ထားတဲ့ထမင်းချိုင့်လေးဆွဲလို့ ထွက်ခဲ့တယ်
ပြဿနာတွေတက်တက်နေတဲ့ဝမ်းတထွာပြည့်ဖို့ နဲ့ 
ပြဿနာတွေအတွက်....ပြသနာတွေကိုရှာတယ်
ပြဿနာတွေကိုဖန်တီးတဲ့လူတွေနဲ့ ...ပြဿနာတက်တယ်
ပြဿနာတက်မယ့်ညနေခင်းရောက်တော့
ပြဿနာတွေစုတဲ့ ယမကာဆိုင်ကိုဝင်တယ်
ပြဿနာအရည်တွေကို....ပြဿနာတက်အောင်သောက်ရင်း
ပြဿနာတက်အောင်မူးခဲ့တယ်
ပြဿနာတွေဖြေရှင်းရင်းနဲ့ တနေ့ တာကုန်ဆုံးတယ်
ပြဿနာညတွေနဲ့ နောက်ဆုံးဖက်တွယ်အိပ်စက်တယ် ။    ။

မိုးသူ(တောင်ကြီး)
02 June 2012 /Monday
03:59 /PM

6 comments:

ချစ်စံအိမ် said...

တော်သေးတယ် မိုးသူရေ ကဗျာလာဖတ်တာပြဿနာမတက်လို့ :P..

လွင်ပြင်လှိုင်းငယ် said...

ပြဿနာအိပ်မက်တွေရောမက်သေးလား ။စတာပါ
ကဗျာလေးမိုက်တယ်နော်

3rdthameetaw said...

အင်း...ဘယ်လိုစဉ်းစားမိသွားလို့လဲ

စံပယ်ချို said...

အမဂျက်မှာလဲ ပြဿနာများတယ်
ကဗျာရေးဖို့အတွက် နိဒန်းကအဲဒီ ပြဿနာဆိုတဲ့အလွမ်းပါပဲ

အလွမ်းမြို့ said...

ပြဿနာတဲ့လား မိုးသူ။
မကြီးလွမ်း အားပေးခဲ့တယ်။
ပြဿနာနေ့ရက်လေးမှာပေါ့


ခင်တဲ့
မကြီးလွမ်း

Candy said...

ဟဟဟဟဟဟ........
သူပဲ တွေးတတ်တယ်..
ပြဿနာလို့ မတွေးဘဲ အကောင်းဘက်က မြင်ကြည့်ပါလား..
ပျော်ရွှင်ရမှာပါ :D

Post a Comment