သမာရိုးကျနေထိုင်မှုများအားဆန့် ကျင်ကြည့်ခြင်း
နောက်ဆုံးတွေ့ ဆုံမှုဟာ
ပထမအပိုဒ်မှာပဲပြီးပြည့်စုံသွားတယ်
လမ်းတွေဟာအရမ်းမှောင်နေတယ်
နီယွန်ရောင်တွေကျဉ်းမြောင်းလွန်းတယ်
အထက်ဖက်ကိုဆန်မတက်ချင်တဲ့အခိုးအငွေ့ တွေ
ဟွန်းသံပေးပြီးခဏခဏရပ်တန့် တယ် ။
နောက်တကြောင်းလောက်စာစီခွင့်ပေးပါ
မိုးရေထဲမှာလမ်းလျှောက်ရတာပျော်ဖို့ ကောင်းတယ်
မိုးရေထဲမှာ ၀မ်းနည်းရတာသက်သာမှုတစုံတရာဖြစ်ပေါ်တယ်
မိုးရေထဲမှာကျယ်လောင်စွာနဲ့ ရှိုက်ကြီးတငင်ငိုချခဲ့ဖူးတယ်
ပြီးတော့......
မိုးရွာနေခြင်း...ဒါမှမဟုတ်....မိုးအုံ့ နေခြင်းတွေကို
ဘယ်တုန်းကမှမသက်ဆိုင်ဖူးတဲ့နေ့ စွဲများလို
သူစိမ်းပြင်ပြင်နေပစ်လိုက်တယ် ။
နာကျဉ်းခြင်းတွေကိုနာကြင်ခြင်းတွေနဲ့ ပေါင်းလို့ 
အိမ်ဘေးကမြောင်းထဲလွင့်ပစ်ခဲ့ပြီးပြီ
တုံ့ ပြန်သံမဲ့နေတဲ့အိမ်မက်တွေထဲကကုန်းရုံးထလိုက်တယ်
ဘ၀င်တံခါးကိုအသေချာဖွင့်ကျေကျေနပ်နပ်ပဲ
နောက်တကြိမ်မရူးသွပ်ချင်တော့တဲ့
ဝိဥာဉ်တခုရဲ့ လပ်ဆပ်ခြင်းတွေကို ရူသွင်းလို့ 
မနက်ခင်းတိုင်းမင်္ဂလာရှိပါစေ ။
တခါမှ မလွတ်လပ်ခဲ့ဖူးတဲ့စိတ်နဲ့ 
မြင်ချင်ရာမြင်ထင်ချင်ရာထင်
ကမ္ဘာမြေပြင်ရဲ့ ဆွဲအားကို ဆန့် ကျင်လို့ 
ပျံထွက်မတပ်ပေါ့ပါးလွန်းနေခဲ့တယ်
နေ့ တာတွေဟာအရမ်းကို တိုတောင်းလွန်းနေခဲ့တယ် ။
မှားယွင်းစွာထွင်းထုမိခဲ့တဲ့ရာဇ၀င်အတွက်
ရာဇ၀တ်သားခံရမဲ့ပြစ်ဒဏ်ဟာညဥ့်နက်လွန်းပါတယ်
ပြုပြင်ဖို့ မလိုတဲ့ဇတ်ဇတ်ကျဲမာနတွေဟာ
အသားနုတက်ခါစစိတ်ဒဏ်ရာအနာဖေးတွေကို
ဖြည်းညင်းစွာကုတ်ဖဲ့ရင်းအသိမဲ့ဝေဒနာကို
အသာအယာပဲရစ်မူးနေတတ်ခဲ့ပြီ ။
ဒီနေ့ ကစ....
ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ရေလောင်းပေါင်းသင်လို့ 
တယုတယပြုစုတော့မယ်..
"လက်ခုတ်တီး၍အားပေးကြပါ "
ပစ္စုပ္ပန်ရဲ့ ညံပွက်နေတဲ့ တေးသံသာများနဲ့ ဖွင့်လှစ်လိုက်ချင်ပါတယ်
စနစ်ဇယားကျကျ ပုံဖော်လို့ မော်ဒန်ပန်းချီးကားတချပ်ရဲ့ 
နားမလည်နိုင်ခြင်းတွေကို ရောပြွန်း သီဆို
မျဉ်းဖြောင့်သီအိုရီကိုအတိအကျလိုက်နာတဲ့ 
အလင်းတန်းတို့ နဲ့ အတူ ကခုန်ကြမယ်
လာပါကွယ်လို့ မခေါ်တော့ပါဘူး
ခုတ်ထစ်ရာတွေဗရဗွနဲ့ အတိတ်တွေကိုချန်ထားလို့ 
တကိုယ်ရေတကာရခရီးပြင်းနှင်တော့မယ်
မိုင်တိုင်တွေကိုမေ့ ..တရိပ်ရိပ်ပြေးနေတဲ့
လယ်ကွင်း ၊ သစ်ပင် ၊ ဓါတ်တိုင်တွေကို တမေ့တမောငေးရင်း
ဘ၀ကိုတ၀ုန်းဝုန်းနဲ့ ဒုန်းစိုင်းမယ်
မုန်တိုင်း လေပြင်း တခုမှဂရုမစိုက်
ထိုက်သင့်တဲ့ဘ၀မှာတော့ အလိုက်အသင့်လေးမျောမယ် ။   ။
မိုးသူ(တောင်ကြီး)
12 July 2012 /Thursday
07:40/PM
3 comments:
စံပယ်ချို said...
လာပါကွယ်လို့ မခေါ်တော့ပါဘူး
ခုတ်ထစ်ရာတွေဗရဗွနဲ့ အတိတ်တွေကိုချန်ထားလို့ 
တကိုယ်ရေတကာရခရီးပြင်းနှင်တော့မယ်
မိုင်တိုင်တွေကိုမေ့ ..တရိပ်ရိပ်ပြေးနေတဲ့
လယ်ကွင်း ၊ သစ်ပင် ၊ ဓါတ်တိုင်တွေကို တမေ့တမောငေးရင်း
ဘ၀ကိုတ၀ုန်းဝုန်းနဲ့ ဒုန်းစိုင်းမယ်
မုန်တိုင်း လေပြင်း တခုမှဂရုမစိုက်
ထိုက်သင့်တဲ့ဘ၀မှာတော့ အလိုက်အသင့်လေးမျောမယ်-----
ဟုတ်တယ်ဘယ်သူကိုမှမေခ်ါတော့ဘူး တစ်ယောက်ထဲပဲ
အလိုက်သင့်လေးမျောတာကောင်းတယ်
အလွမ်းမြို့ said...
အရေးအသားတွေကတော့ ရှယ်ဘဲ။
လာရောက်အားပေးသွားတယ် မိုးသူရေ။
ဆက်လက်အားပေးနေဦးမယ်။
ခင်မင်တဲ့
မကြီးလွမ်း
လွင်ပြင်လှိုင်းငယ် said...
ဒီနေ့ ကစ....
ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ရေလောင်းပေါင်းသင်လို့ 
တယုတယပြုစုတော့မယ်..
"လက်ခုတ်တီး၍အားပေးကြပါ "
ပစ္စုပ္ပန်ရဲ့ ညံပွက်နေတဲ့ တေးသံသာများနဲ့ ဖွင့်လှစ်လိုက်ချင်ပါတယ်
စနစ်ဇယားကျကျ ပုံဖော်လို့ မော်ဒန်ပန်းချီးကားတချပ်ရဲ့ 
နားမလည်နိုင်ခြင်းတွေကို ရောပြွန်း သီဆို
မျဉ်းဖြောင့်သီအိုရီကိုအတိအကျလိုက်နာတဲ့ 
ကဗျာလေးကောင်းမှကောင်း မိုးသူရေ
Post a Comment