သူမ ၊ ရာဂ ၊ သဘာဝ ၊ အပါးလွှာဆုံးအတွေး ။




အကယ်၍
သူမဟာ ကော်ဖီတခွက်ဖြစ်ခဲ့ရင်
သွန်ပစ်လိုက်မယ်
ကျွန်တော်ခါးသက်သက်အရသာကိုမုန်းလို့  ။

လက်ဗွေရာမထင်တဲ့
သူမရဲ့ ခန္ဓာကိုအစိတ်ပိုင်းတိုင်းဟာ
ကောက်ကြောင်းတွေနဲ့ 
အဖိုးတန်ပန်းချီကားတချပ်
သင်္ချာပုံသေနည်းအရတွက်ချက်မယ်ဆိုရင်
modification မလုပ်ထားတဲ့ 32 22 36
အမြင့်အတိုင်းအတာ ငါးပေ ခြောက် ။

အနက် သတ်ပုံ အက္ခရာ
သူမရဲ့ နောက်ကျောမှာရှင်းလင်းပီပြင်တယ်
ချိတ် ၊ ကလစ် ၊ ဆံညှက် ၊ bra ၊
stocking ၊ သုံးခြမ်းစကပ် ၊G string
အဲဒါတွေကိုသူမ , အသုံးပြုတယ် ။

စွန့် ပစ်ပစ္စည်းအဖြစ်
ကျွန်တော့လျာထားချက်ထဲမှာ
သူမရဲ့ 
မျက်စောင်း ၊ စိတ်ကောက်သံ
ဥပေက္ခာ ၊သ၀င်တိုမှု ၊
မျက်ရည် ၊ ဂျီကျတတ်ခြင်းတို့ ပါဝင်တယ် ။

အဆင်း၊အနံ့ ၊အရသာ၊အတွေ့ အထိ၊စိတ်အာရုံ
အလုံးစုံထွေပြား ခန္ဓာငါးပါးထဲကနေဖောက်ထွက်
ရာဂ , မရောယှက်တဲ့ ဆဌမ Sense နဲ့ ဆက်ဆံရေးတွေကျဲတယ်
ကျွန်တော့မျက်နှာပေါ်မှာဖုံးအုပ်နေတဲ့ 
သူမရဲ့ ဆံနွယ်ပျော့ပျော့ပြောင်းပြောင်းတွေကို
သိပ်ပြီးသဘောကျတယ် ။

အနိဌာရုံ မြူမှုန်ကင်းတဲ့ နှလုံးသား
သူမ ပိုင်ဆိုင်တယ်
သမုဒယနွယ်မျှင်
တွယ်ငင်တတ်တဲ့ သံယောဇဉ်
သူမ ဆီမှာရှိတယ် ။

နေအုံးဗျ
ကျွန်တော်ဒီအကြောင်းရေးချင်တာမဟုတ်ဘူး ။

အလန်းဆန်းဆုံးနေ့ ရက်တွေထဲမှာ
စိတ်ကူးတွေကိုအဖော်ပြုလို့ 
ကောင်းကင်ကိုမျက်နှာမူ
မြက်ခင်းစိမ်းစိမ်းပေါ်မှာကျောခင်း
သူမရဲ့ ဝိဥာဉ်ရှိရာ စေစား
အတွေးများနဲ့ ပျော်လိုက်ချင်လို့  ။   ။

မိုးသူ(တောင်ကြီး)
03 JUNE 2012/SUNDAY
04:23/Pm

8 comments:

စံပယ်ချို said...

အလန်းဆန်းဆုံးနေ့ ရက်တွေထဲမှာ
စိတ်ကူးတွေကိုအဖော်ပြုလို့ 
ကောင်းကင်ကိုမျက်နှာမူ
မြက်ခင်းစိမ်းစိမ်းပေါ်မှာကျောခင်းပြီး ကော်ဖီခါးခါးကိုသောက်ချင်သူတယောက်
ဒီကဗျာကိုလာဖတ်နေတယ်

လွင်ပြင်လှိုင်းငယ် said...

လက်ဗွေရာမထင်တဲ့
သူမရဲ့ ခန္ဓာကိုအစိတ်ပိုင်းတိုင်းဟာ
ကောက်ကြောင်းတွေနဲ့ 
အဖိုးတန်ပန်းချီကားတချပ်
သင်္ချာပုံသေနည်းအရတွက်ချက်မယ်ဆိုရင်
modification မလုပ်ထားတဲ့ 32 22 36
အမြင့်အတိုင်းအတာ ငါးပေ ခြောက် ။

ကောင်းလှချေလား မိုးသူရေ။ရေးလဲရေးတတ်ပါ့

3rdthameetaw said...

အွန်..တညိုးကြီးပဲ..

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကဗျာ..
နည်းနည်းကြမ်းတယ်
ဒါပေမယ့် ကြမ်းတမ်းစွာပဲ ကောင်းတယ်။

ခင်မင်လျက်
မြတ်ပန်းနွယ်

ဖြိုးဇာနည် said...

မိုက်တယ့့်

ညွှန်းထားတာလေးသဘောကျတယ်

ချစ်စံအိမ် said...

စွန့် ပစ်ပစ္စည်းအဖြစ်
ကျွန်တော့လျာထားချက်ထဲမှာ
သူမရဲ့ 
မျက်စောင်း ၊ စိတ်ကောက်သံ
ဥပေက္ခာ ၊သ၀င်တိုမှု ၊
မျက်ရည် ၊ ဂျီကျတတ်ခြင်းတို့ ပါဝင်တယ် ။

အလွမ်းမြို့ said...

မိုးသူရေ.... စွန့် ပစ်ပစ္စည်းအဖြစ်
ကျွန်တော့လျာထားချက်ထဲမှာ
သူမရဲ့ 
မျက်စောင်း ၊ စိတ်ကောက်သံ
ဥပေက္ခာ ၊သ၀င်တိုမှု ၊
မျက်ရည် ၊ ဂျီကျတတ်ခြင်းတို့ ပါဝင်တယ် ။ (((ရက်စက်ထှာ...စွန့်ပစ်ပစ္စည်းတဲ့...ဟွင်း...ဟွင်း....စွန့်ပစ်ပစ္စည်းဆိုလည်း ..ပစ်...မယ်ကြံတိုင်း...အထက်ကို စာတင်နော်..
အားပေးသွားတယ်


ခင်မင်တဲ့
အလွမ်း

Snow May said...

ကဗျာကောင်းလေးကို အားပေးသွားပါတယ်..။ သူမရဲ့ကောက်ကြောင်းက လှတယ် :D

Post a Comment