မြို့ ပြဖျော်ဖြေရေးကဏ္ဍ
အဖြူရောင်လွင်လွင်လေးသုတ်လိမ်းထားတဲ့နံနက်ခင်းလေးတခုမှာ
ညိုညစ်ညစ် ဒေါသမီးတွေ မပြတ် တရစပ် ခုန်ပေါက်နေတယ်
အကြောင်းအရာအပြည့်အစုံမှာကား ....
ဤသို့ တည်း....
တသီးပုဂ္ဂလ အမြော်အမြင်တွေအုပ်မိုးနေတဲ့
သဏ္ဍာန်မှား နာမ၀ိသေသန တွေကြားမှာ
Logical concept တွေ ပက်ကျဲလိုက်ချင်လို့  ။
ညီမလေးရေ....
မီးဖိုချောင်မှာ ထမင်းအိုးပွက်ပွက်ဆူနေလို့  ထမင်းရည်ငဲ့လိုက်ပါကွယ်
ထမင်းအိုးဂျိုးခြစ်တဲ့  ပြယုဓ် အကိုတို့  ဇနပုဒ်မှာ အတော့်ကိုရွံမုန်းတဲ့ အလုပ်
ဒါဟာ performance မဆန်တဲ့  concept တခုဆိုရင်
ညီမလေးရဲ့ ခေါင်းကို သာသာယာယာလေးခါရမ်းလိုက်ပါကွဲ့  ။ 
အကိုတို့ မြို့ ပြလေးမှာ ပညာနို့ ရည်ချဉ်နေသမျှ
ဒိန်ချဉ်ရောင်းတဲ့ကုလားတွေစီ ဦးနှောက်တွေရောင်းစားခံနေရမှာပဲ ။
အကိုတို့ မြို့ ပြလေးမှာနည်းပညာ အဆီအနှစ်တွေခမ်းနေသမျှ
ဝက်သားရောင်းတဲ့တရုပ်တွေစီ ၀က်ဆီဖတ်တွေ ခ,ယ၀ယ်ယူနေရမှာပဲ ။
အကိုတို့ မြို့ ပြလေးမှာ စာရိတ္တ၊စည်းကမ်းတွေ ပျက်သုန်းနေသမျှ
ရသစုံရောင်းတဲ့  တတိယနိုင်ငံတွေဆီက သရုပ်မဲ့ပစ္စည်းတွေနဲ့ 
အကိုတို့ မြို့ ပြလေးမှာ ပေါင်းစည်းခြင်းတွေလျော့ရဲနေသမျှ
လက်ဝါးကြီးအုပ် ဂုတ်သွေးစုတ်နေတဲ့ လူတစုဆက်လက်ရှင်သန်နေလိမ့်မယ်ကွယ် ။
ဟော........ဒီနေ့ မီးလာရက်မှာမှ မီးပျက်သွားပြန်ပြီကွဲ့ 
ညီမလေး စိတ်မကောင်းတော့မဖြစ်နဲ့ ကွယ်
ဒါဟာလဲ.... ယုတ္တိဗေဒ တင်ဆက်မှုတရပ်ဆိုရင် အကို့ ရဲ့ ညီမလေး ငြင်းနေအုံးမှာလား ။    ။
မိုးသူ(တောင်ကြီး)
27mAy2012/Sunday
11:27/AM
စာကြွင်း....>>
Logical concept =ကျိုးကြောင်းဆလျော်သောအယူအဆ ။။ ယုတ္တိတန်သော အမြင် သဘောထား။။
performance = ဖျော်ဖြေရေးအနုပညာ
concept=အယူအဆ။ အမြင် သဘောထား။
1 comment:
ဖြိုးဇာနည် said...
အရင်က အလှည့်ကျမီးပျက်သကွဲ့
ခုတော့ အလှဲ့ကျ မီးပေးသတဲ့ဂျာ
ရလဒ်ကတော့ တူတူပဲဂျို့
Post a Comment