စိတ်လှောင်အိမ်တံခါးဖွင့်လှစ်ခြင်း


ဒီနေ့ နဲ့ မနက်ဖန်
ကူးလူးဆက်ဆံရေးမပြေပြစ်သမျှ
ငါ့ရဲ့ တွင်းထဲအမှောင်ကျကျနေမယ်
ခက်တာက ကဗျာညို့ တံ အချိုးခံလိုက်ရခြင်းပါ
မိုးပျံနေတဲ့ အတ္တတွေက အနာဟောင်းကိုထိုးဆွလို့ 
မရိုးမရွခံစားမှုတွေ ခေါက်ခေါက်သိမ်းနေရတာနဲ့ 
နာရီဆွေးတွေအိပ်မွေ့ ချခံနေရတယ် ။

ဖြစ်သမျှအကြောင်းအကောင်းချည်းပါပဲကွယ်
ကွန်ချက်မကောင်းတဲ့ တံငါသည်
လောကအလယ်မှာမှင်နီတွေစွန်းထင်းမယ်
သမိုင်းကြောင်းကလှတော့ လှနေပြီ
အရိပ်မဲ့ အသံလှိုင်းတွေကြားမှာစားကျက်ရှာ
တသက်တာကိုယ့်မှာတမ်းကိုယ်ထွင်း
အရင်းမစိုက်ပဲအရင်းတိုက်ဖြစ်ဖြစ်ပေါ့ ။

ပစ္စက္ခအခြေအနေကို အရောင်တင်
နောင်အမြင်မရှုပ်ရအောင်
တဏှာလှောင်အိမ်ထဲမှာ
ငြိမ်ငြိမ်လေးမှိန်းမောလို့ နေပလိုက်မယ်
ငါ........လာပြီဟေ့.......
စည်းကမ်းတွေဗရဗွနဲ့ ကခုန်ဖို့ 
ဘ၀အစုံကိုကူးလူးဖြတ်ကျော်
ခဏတာအဖော်ကိုမဲစွယ်လို့ ရွေးချယ်
အသက်အရွယ်ပါကြီးရင့်နေသမို့ 
နက္ခတ်ဆိုးတွေစီးနင်းလို့ ရွက်လွှင့်လာပြီ.........ဟေ့ ။    ။


မိုးသူ(တောင်ကြီး)
11mAy2012/Friday
05:48/PM

5 comments:

ဖြိုးဇာနည် said...

နက္ခတ်ဆိုးတွေစီးနင်းလို့ ရွက်လွှင့်လာပြီ

ဟဟဘေးကို ဘေးကို

လွင်ပြင်လှိုင်းငယ် said...

သမိုင်းကြောင်းကလှတော့ လှနေပြီ
အရိပ်မဲ့ အသံလှိုင်းတွေကြားမှာစားကျက်ရှာ
တသက်တာကိုယ့်မှာတမ်းကိုယ်ထွင်း
အရင်းမစိုက်ပဲအရင်းတိုက်ဖြစ်ဖြစ်ပေါ့ ။

ကဗျာစာအုပ်တော့ ထုတ်သင့်နေပြီနော်။ကဗျာတိုင်းကောင်းတယ်

Snow May said...

ဟုတ်တယ်.. ကိုလွင်ပြင်ပြောသလိုပဲ..စာအုပ်ထုတ်သင့်နေပြီ.. ရေးလိုက်တိုင်း ကဗျာတွေက လှတယ်.. အသက်ဝင်တယ်.

စံပယ်ချို said...

တဏှာလှောင်အိမ်ထဲမှာ
ငြိမ်ငြိမ်လေးမှိန်းမောလို့ နေပလိုက်မယ်
ငါ........လာပြီဟေ့.......
စည်းကမ်းတွေဗရဗွနဲ့ ကခုန်ဖို့ 
ဘ၀အစုံကိုကူးလူးဖြတ်ကျော်
ခဏတာအဖော်ကိုမဲစွယ်လို့ ရွေးချယ်
အသက်အရွယ်ပါကြီးရင့်နေသမို့ 
နက္ခတ်ဆိုးတွေစီးနင်းလို့ ရွက်လွှင့်လာပြီ

စာသားတွေလေးနက်ပြီးပေါ်လွင်နေအောင်ရေးတတ်လိုက်တာမိုးသူရေ
တကယ်ကိုတော်ပါပေတယ်

ချစ်စံအိမ် said...

ဟုတ်ပါ့ စာသားတွေမြင့်နေတယ် လက်မမှီဘူးဖြစ်နေတယ်
အရပ်ကပုတယ်ဟေ့..

Post a Comment