တွယ်ငင်ရာမဲ့နေသောနှလုံးသား



ချစ်သူရေ.........
ကျဉ်းထဲကြပ်ထဲရောက်ခါမှ
သံယောဇဉ်ကဝေမက ဗွေထဖောက်သတဲ့
ရင်ဝကိုတည့်တည့်ထိတော့မှပဲ
နင့်ကို "တ" မိသလိုဖြစ်သွားတယ်
အဝေးကြီးကိုထွက်ခွာတော့မယ့်
နင့်ရဲ့ ဒေါက်ဖိနပ်သံတွေကိုလဲ
ငါဟာသေမလောက်ကြောက်ခဲ့ဖူးသေးတယ်
ရှိုက်ကြီးတငင်ငိုတတ်တဲ့.....ငါ
ဒီတခါတော့ အံတင်းတင်းကြိတ်ထားတယ် ။

ချစ်သူရေ....
ဒီမိုးအပြောင်းမှာတော့
ရွဲ့ စောင်းနေတဲ့ငါ့ကဗျာတွေဟာ
နင့်ရဲ့ တုံ့ ပြန်မှုတွေငတ်မွတ်တောင့်တနေခဲ့တယ်
မိုးတွေအုံ့ လာတဲ့ အချိန်ဆိုရင်လေ
သက်ပြင်းတွေတွဲလဲခိုရင်း
ငြီးငွေ့ စွာနဲ့  တမ်းတခြင်းတွေကို
အဖော်ပြုနေခဲ့ တယ် ။

ချစ်သူရယ်......
ပြုံးပြုံးလေးနေပေးပါ
သတိရခြင်းတွေ လင်းထိန်လာအောင်
ငါ့ရဲ့ အလွမ်းတွေကို ပြူတင်းပေါက်တပ်မလို့ 
အတိတ်မှာအရောင်တောက်ခဲ့တဲ့မုသား
နင့်အတွက်များဗလာပုံပြင်ဖြစ်နေမယ်ဆိုရင်
ငါ့ ကဗျာတွေမှာ နင်ဘုရင်မ လာမလုပ်ပါနဲ့ လား
အစိမ်းချုပ် ချုပ်ရိုးတွေကျဲကုန်လို့ 
နင်ပဲမျက်ရည်ရွှဲနေရမှာဆိုးလို့ ပါ ။

ချစ်သူရယ်.....
တွယ်ရာမဲ့ နှလုံးသား
ဘယ်သူများကယ်နိုင်မလဲကွယ်
တကယ်မယိုင်ပဲချစ်ခဲ့တာက
ငါ့ရဲ့ သစ္စာတရားပါ
မေတ္တာမထားနိုင်တဲ့ အဆုံး
နင့်အပြုံးလေးတော့အသက်ဝင်အောင်
ပြုံးပြလှည့်ပါ ။    ။

မိုးသူ(တောင်ကြီး)
12 mAy 2012/Saturday
06:19/PM

3 comments:

ချစ်စံအိမ် said...

ချစ်သူရယ်.....
တွယ်ရာမဲ့ နှလုံးသား
ဘယ်သူများကယ်နိုင်မလဲကွယ်
တကယ်မယိုင်ပဲချစ်ခဲ့တာက
ငါ့ရဲ့ သစ္စာတရားပါ
မေတ္တာမထားနိုင်တဲ့ အဆုံး
နင့်အပြုံးလေးတော့အသက်ဝင်အောင်
ပြုံးပြလှည့်ပါ ။ ။ စာသားတွေကြိုက်တယ်

Snow May said...

ကဗျာတွေကတော့ အမြဲဆန်းသစ်နေတာပဲ. ကဗျာဆရာ ပီသပါပေတယ်

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ချစ်သူက ဒီကဗျာလေးဖတ်ပြီး ကျေနပ်နေမှာ မြင်ပါသေးတယ်ကွယ်

Post a Comment