ညဟာ....
နွမ်းလျခြင်းတွေကိုတပ်ဆင်လို့ 
တရက်တာအတွက်အရိုးထုပ်တော့မယ်
တ၀က်တိတိကြယ်သီးပြုတ်နေတဲ့
ရိဆွေးဆွေးအလွမ်းတွေ
ရုတ်တရက်ငါ့အပေါ်ခုန်ချတယ်.....
ကြည့်စမ်းပါအုံးကွယ်....
ငါ့.....အိပ်ယာပေါ်မှာ
ကဗျာတွေပျံ့ ကျဲနေလိုက်တာ
ကိုယ်လေးလက်ဝင်ရှိခါစ
မိန်းမပျိုတယောက်လို
ဆိုးဆိုးဝါးဝါးကြီးပျို့ အန်ချင်နေခဲ့တယ်
ခပ်ထိုင်းထိုင်းမှိုတက်နေတဲ့ 
စကားလုံးတွေကြောင့်
ကလောင်သွားထိပ်မှာမှင်တွေစုလို့ 
ဂျပ်ခဲပိတ်လှောင်နေတယ်.....
နင့်မျက်နှာပြင်ပေါ်က
ရွဲလုံးလေးတွေကိုသတိရလိုက်တာ
ငါ့အိမ်မက်တွေကိုမှ
အမြစ်ဖြတ်စိုက်ပျိုးခဲ့ လေသလားကွယ်
အဆင်ပြေသလိုသာပြုစားလိုက်ပါ
ရှေ့ ဆက်လျှောက်ဖို့ လမ်းတွေလဲ
တောင်ပံရိုက်ခပ်သံတွေညံပွက်လို့ 
ငါ့ကိုမှတယောက်ထဲကွက်ချန်ခဲ့ကြတယ်
နင်ဖန်တီးခဲ့တဲ့ ငါတို့ ရဲ့ စိတ်ကူးထဲက
နေ့ ရက်တွေမျက်ရည်ဝဲနေတယ်
ငါ့ရဲ့ ရှိုက်သံအဆုံးမှာ
အခန်းငယ်လေးအသက်မဲ့သွားတယ်
ပယင်းရောင်တွေစီချယ်ထားတဲ့ 
ဖန်ခွက်တလုံးကိုတွေတွေကြီးစိုက်ကြည့်ရင်း
ငါ ရှိုက်ကြီးတငင် ငိုချလိုက်တယ်
မှတ်မှတ်ရရ......
အဲဒီညက လ မသာခဲ့ဘူး
အဲဒီညက
ခေါင်မိုးပေါ်မှာ
ကြယ်စင်တွေရဲ့ မျက်ရည်နဲ့ 
နင့်နာမည်လေးကို
သံစဉ်ထည့်ပြီးသံပြိုင်ရွတ်ဆိုကြသတဲ့
အဲဒီညက မိုးတွေအရမ်းရွာခဲ့တယ်
မိုးသူ(တောင်ကြီး)
14mAy2012/Monday
01:39/AM
နွမ်းလျခြင်းတွေကိုတပ်ဆင်လို့ 
တရက်တာအတွက်အရိုးထုပ်တော့မယ်
တ၀က်တိတိကြယ်သီးပြုတ်နေတဲ့
ရိဆွေးဆွေးအလွမ်းတွေ
ရုတ်တရက်ငါ့အပေါ်ခုန်ချတယ်.....
ကြည့်စမ်းပါအုံးကွယ်....
ငါ့.....အိပ်ယာပေါ်မှာ
ကဗျာတွေပျံ့ ကျဲနေလိုက်တာ
ကိုယ်လေးလက်ဝင်ရှိခါစ
မိန်းမပျိုတယောက်လို
ဆိုးဆိုးဝါးဝါးကြီးပျို့ အန်ချင်နေခဲ့တယ်
ခပ်ထိုင်းထိုင်းမှိုတက်နေတဲ့ 
စကားလုံးတွေကြောင့်
ကလောင်သွားထိပ်မှာမှင်တွေစုလို့ 
ဂျပ်ခဲပိတ်လှောင်နေတယ်.....
နင့်မျက်နှာပြင်ပေါ်က
ရွဲလုံးလေးတွေကိုသတိရလိုက်တာ
ငါ့အိမ်မက်တွေကိုမှ
အမြစ်ဖြတ်စိုက်ပျိုးခဲ့ လေသလားကွယ်
အဆင်ပြေသလိုသာပြုစားလိုက်ပါ
ရှေ့ ဆက်လျှောက်ဖို့ လမ်းတွေလဲ
တောင်ပံရိုက်ခပ်သံတွေညံပွက်လို့ 
ငါ့ကိုမှတယောက်ထဲကွက်ချန်ခဲ့ကြတယ်
နင်ဖန်တီးခဲ့တဲ့ ငါတို့ ရဲ့ စိတ်ကူးထဲက
နေ့ ရက်တွေမျက်ရည်ဝဲနေတယ်
ငါ့ရဲ့ ရှိုက်သံအဆုံးမှာ
အခန်းငယ်လေးအသက်မဲ့သွားတယ်
ပယင်းရောင်တွေစီချယ်ထားတဲ့ 
ဖန်ခွက်တလုံးကိုတွေတွေကြီးစိုက်ကြည့်ရင်း
ငါ ရှိုက်ကြီးတငင် ငိုချလိုက်တယ်
မှတ်မှတ်ရရ......
အဲဒီညက လ မသာခဲ့ဘူး
အဲဒီညက
ခေါင်မိုးပေါ်မှာ
ကြယ်စင်တွေရဲ့ မျက်ရည်နဲ့ 
နင့်နာမည်လေးကို
သံစဉ်ထည့်ပြီးသံပြိုင်ရွတ်ဆိုကြသတဲ့
အဲဒီညက မိုးတွေအရမ်းရွာခဲ့တယ်
မိုးသူ(တောင်ကြီး)
14mAy2012/Monday
01:39/AM
6 comments:
နင့်မျက်နှာပြင်ပေါ်က
ရွဲလုံးလေးတွေကိုသတိရလိုက်တာ
ငါ့အိမ်မက်တွေကိုမှ
အမြစ်ဖြတ်စိုက်ပျိုးခဲ့ လေသလားကွယ်
အဆင်ပြေသလိုသာပြုစားလိုက်ပါ
ရှေ့ ဆက်လျှောက်ဖို့ လမ်းတွေလဲ
တောင်ပံရိုက်ခပ်သံတွေညံပွက်လို့ 
ငါ့ကိုမှတယောက်ထဲကွက်ချန်ခဲ့ကြတယ်
စာသားတွေက ခံစားလို့ကောင်းတယ်
မိုးသူရေ
ဘ၀တွေမှာ လမသာတဲ့ညတွေများနေတယ်
ကဗျာလေးလာရောက်ခံစားသွားပါတယ်။။
အတော်ခံစားလို့ကောင်းတယ် မိုးအေးအေးလေးပေါ့
လမသာတဲ့ညမှာ ကြယ်တွေတော့ ရှိရင်ရှိနေတတ်ပါတယ်
ကဗျာလေးကောင်းတယ် အားပေးသွားပါတယ် :)
wowwwwwwwwww............ ကဗျာလေး မိုက်တယ်.. ခံစားမှုအပြည့်နဲ့ ဖတ်သွားတယ်နော်
Post a Comment