လေတယ် ...စိတ်
တအိတ်ကိုတစိပ်ဖြစ်အောင်ပြောပစ်မယ်.....
တို့ နိုင်ငံရဲမြေပြင်အောက်မှာ
သုံးမကုန်နိုင်တဲ့ရေချိုမြစ်ပြင်ရှိသပဆို
အမိအရနဲ့ အတိအကျ ငိုလိုက်ချင်ပါရဲ့ 
နဂိုကတည်းက ငိုက်နေတဲ့ ပရဟိတစိတ်
တရိပ်ရိပ်နဲ့ အငွေ့ ပြန်
အတွေ့ မခံတဲ့ စာနာစိတ်
ဒီတခါတော့ ..ကျူပ်ကျောကို ချတယ်
ဒလမှာရေပြတ်နေတယ်တဲ့
နေတတ်သူတွေနေကျပေါ့
အသေတတ်ဖို့ အလှူပေးကွယ်
အဘယ်သူတွေငေးနေကြသလဲ
အဘယ်သူတွေတွေးပူကြသလဲ
အပေးအယူမမျှတဲ့ လောက
ဒီတခါလဲ.....ကျူပ်ကျောကို ချတယ်
ထမင်းအသက်ခုနှစ်ရက်
ရေအသက်တမနက်တဲ့
တရက်ထက်တရက် ကျဉ်းကြုပ်
စရင်းလုပ်ကာမှတ်သား
ဒင်းတို့ တတွေဇယားတွေများ
တတ်အားသ၍၀ိုင်းပါတော့လား
ဒီတိုင်းသာသွားရင်ဖြင့်
ကျူပ်ရင်မှာတထင့်ထင့်နဲ့ 
ရင်နင့်စရာတွေဖြစ်တော့မပေါ့
ဒီတခါလဲ .....ကျူပ်ကျောကို ချပြန်တယ် ....
မိုးသူ(တောင်ကြီး)
10mAy2012/Thursday
10:39/AM
ဒလမြို့ နယ်အတွင်းပိုင်းထိရေရရှိရေးဆောင်ရွက်ပေးဖို့ တိုက်တွန်းပါသည်
တအိတ်ကိုတစိပ်ဖြစ်အောင်ပြောပစ်မယ်.....
တို့ နိုင်ငံရဲမြေပြင်အောက်မှာ
သုံးမကုန်နိုင်တဲ့ရေချိုမြစ်ပြင်ရှိသပဆို
အမိအရနဲ့ အတိအကျ ငိုလိုက်ချင်ပါရဲ့ 
နဂိုကတည်းက ငိုက်နေတဲ့ ပရဟိတစိတ်
တရိပ်ရိပ်နဲ့ အငွေ့ ပြန်
အတွေ့ မခံတဲ့ စာနာစိတ်
ဒီတခါတော့ ..ကျူပ်ကျောကို ချတယ်
ဒလမှာရေပြတ်နေတယ်တဲ့
နေတတ်သူတွေနေကျပေါ့
အသေတတ်ဖို့ အလှူပေးကွယ်
အဘယ်သူတွေငေးနေကြသလဲ
အဘယ်သူတွေတွေးပူကြသလဲ
အပေးအယူမမျှတဲ့ လောက
ဒီတခါလဲ.....ကျူပ်ကျောကို ချတယ်
ထမင်းအသက်ခုနှစ်ရက်
ရေအသက်တမနက်တဲ့
တရက်ထက်တရက် ကျဉ်းကြုပ်
စရင်းလုပ်ကာမှတ်သား
ဒင်းတို့ တတွေဇယားတွေများ
တတ်အားသ၍၀ိုင်းပါတော့လား
ဒီတိုင်းသာသွားရင်ဖြင့်
ကျူပ်ရင်မှာတထင့်ထင့်နဲ့ 
ရင်နင့်စရာတွေဖြစ်တော့မပေါ့
ဒီတခါလဲ .....ကျူပ်ကျောကို ချပြန်တယ် ....
မိုးသူ(တောင်ကြီး)
10mAy2012/Thursday
10:39/AM
ဒလမြို့ နယ်အတွင်းပိုင်းထိရေရရှိရေးဆောင်ရွက်ပေးဖို့ တိုက်တွန်းပါသည်
4 comments:
ဒီတခါလဲ .....ကျူပ်ကျောကို ချပြန်တယ် ---
မှန်တာတွေရေးလှချေလား
ပရဟိတ လို့ အော်နေပြီး ဂုဏ်ပြုလွှာတွေကို စောင့်မျှော်နေကြတဲ့ သူတွေဖတ်သင့်တယ်..
ကောင်းတယ်ဗျာ မြင်စေချင်တာကို ရှင်းခနဲပဲ
ကဗျာဆရာတို့များ ဘာရေးရေး ကွက်ကွက်ကွင်ကွင်ကိုပေါ်တာပဲ
ကြည့်နေသူတွေကြည့်နေကြတယ်...
မနေနိုင်သူတွေထလုပ်ကြတယ်...
Post a Comment