မွေးမိခင်သို့ ဦးခိုက်ပူဇော်ခြင်း


မေမေ....
သားလေ..ကြက်သီးများတောင်ထမိပါရဲ
ဒီနေ့ မေမေများနေ့ တဲ့
မေမေ.....
သားလေ....မေမေ့ကိုလွမ်းလွန်းလို့ 
မျက်ရည်တွေဝိုင်းနေတယ်

မေမေ....
မြည်တွန်တောက်တီး
အချစ်ကြီးခဲ့တာလဲမေမေပါ
အနစ်နာခံခြင်း
စွန့် လွတ်ခြင်းနဲ့ 
မပျက်မယွင်း
ဂရုဏာခင်းပြီး
မေတ္တာကြီးမားခဲ့တာကလဲမေမေပါ
ကျွေးမွေးသုတ်သင်
ပဲ့ပြင်ညွှန်ပြ
ဘ၀အလင်းရောင်
ထွန်းညှိပေးခဲ့တာလဲမေမေပါ

မေမေရယ်...
လောကရဲ့ ခြောက်လှန့် တဲ့ 
အရိပ်တွေနဲ့ ဆုံရင်
မေမေ့ပုံပြင်တွေကိုသိပ်သတိရတယ်
မခုခံနိုင်တဲ့ သောကဆိုးတွေနဲ့ ရင်ဆိုင်ရရင်
မေ့မေ့ရဲ့ နွေးထွေးတဲ့ 
အကြင်နာတွေအောက်မှာ
ချွေးသိပ်ခိုနားချင်တယ်မေမေ

မေမေရေ.....
ဘ၀ပင်လယ်မှာ
ုဒုက္ခ ၊ သုခ တွေအဖော်ပြုရင်း
မေမေ့မေတ္တာရေကြည်တပေါက်
အာသာငမ်းငမ်းတောင်းတနေရတယ်
မေမေ....သားလေ
ဒီနေရာကပဲ
မေမေ့ကိုဦးခိုက်ကော်ရော်
ရှိခိုးပူဇော်လိုက်ပါတယ်နော်........

မိုးသူ(တောင်ကြီး)
13mAy2012/Sunday
11:35/AM
အမေများနေ့ အမှတ်တရ
အမေကိုဦးခိုက်ညွတ်တွားသော သူငယ်ချင်းများသို့ 

3 comments:

ချစ်စံအိမ် said...

အမေ ကဗျာလေးခံစားသွားပါတယ်။။
အမေများအားလုံးကျန်းမာကြပါစေ

မြတ်ပန်းနွယ် (Myat Pan Nwe) said...

မြတ်လည်း မေမေ့ကို အရမ်းလွမ်းနေတယ်။း((

စံပယ်ချို said...

အမေ ကဗျာလေးကိုသေချာမဖတ်ရဲဘူးဖြစ်နေတယ်
မခံစားနိုင်ဘူး

Post a Comment