ကိုယ်နဲ့ မဆိုင်သလို


အဆိပ်ပင်ရေလောင်း
ဒီခေတ်အကြောင်းတိုးတိုးတိတ်တိတ်နဲ့ 
ရိုးတိုးရိတ်တိတ်ကလေးပြောပြမယ် ....
မျက်နှာအန်းအန်းကြီးဖောလို့ 
ပြုံးစိစိမကြည့်စမ်းပါနဲ့ 
ခေတ်ပြိုင် ပိုစ့်မော်ဒန်ကဗျာတွေ
စမ်းသပ်ဆဲကာလမှာ
ကျူပ်ဟာ ကသိုဏ်း(၁၀)ပါးနဲ့ 
ဘာဝနာပွားနေလိုက်တယ်(ကိုယ်နဲ့ မဆိုင်သလို)

live concepts တွေတင်ဆက်ရင်း
အာရုံတွေကို မနက်တခါ ညတခါဖွင့်လှစ်ထားတယ်
ကျူပ်ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်တွေထဲမှာ
အံ့ကျော်ဟာအမြင်တော်တော်ကပ်ဖို့ ကောင်းတယ်
ဒါဟာ ....ဇာတ်ကောင်စရိုက်ရဲ့ falsification ဖြစ်နေမှန်း
ကျူပ်.....အသိတွေနောက်ကျခဲ့ တယ်(ကိုယ်နဲ့ မဆိုင်သလို)

သီအိုရီတွေကြားမှာကြီးပြင်းတဲ့ လူ(သို့ မဟုတ်) ကျူပ်
thesis တွေတပွေ့ တပိုက်နဲ့ သဘာဝကျကျပူသတဲ့ လေ
ကျူပ်ရင်ထဲကအမှတ်တမဲ့ထွက်ကျလာတဲ့
ကိုယ်လုံးတီးစကားလုံးတချို့ ဟာ(L.P) style နဲ့ 
တခါတလေအမိမဲ့ Hybrid ဖြစ်နေတတ်တယ်
ရှင်မဟာသီလ၀ံသ သာရှိခဲ့ရင်
ဒါမှမဟုတ်... သိခဲ့ ရင်
မချိပြုံးလေးပြုံးမယ်ထင်ပါရဲ့ (ကိုယ်နဲ့ မဆိုင်သလို)

လောကကြီးရဲ့ မျက်နှာပေးရှုံ့ တွလို့ 
မျက်ထောက်နီကြီးနဲ့ ကျူပ်ကိုလှမ်းပြောတယ်
ဟော့ရမ်းတဲ့ အရေးအသား
မင့် အတွက်ဘေးများမတဲ့ လေ ....
ဘယ်ရမလဲ...ကိုယ့်လူရေ...
ကျူပ်ကလဲအတွေးပါးပါးနဲ့ 
ဈေးစကားပြောထည့်လိုက်တယ်
ချေး(ဂျီး)မများနဲ့ လို့  ပြီးတော့...(ကိုယ်နဲ့ မဆိုင်သလို)

ရန်ကုန်မြို့ တော်ဟာ ဂါဝန်မ၀တ်တတ်တော့ဘူး
အနုပညာအဆီအနှစ်တွေလိမ်းကျံပြီး
ဗိုက်သားဖြူဖြူ ပေါင်တံလှလှလေးတွေနဲ့ ကုန်းရုန်းထနေပြီ
youtube..Facebook...webpages..blogger အရေးအသားတွေ
တော်တော်ေ--ာက်မြင်ကပ်ဖို့ ကောင်းတယ်တဲ့
လောက်မတက်ခင်အကြောင်းသိရင်ပြင်လိုက်ပေါ့ (ကိုယ်နဲ့ မဆိုင်သလို)

သာဂိရေ.....
မင်းဟာ က၀ိမဟုတ်မှန်းကျူပ်အစကတည်းက သိတယ်
ရိတိတိ ပြီတီတီနဲ့ ရယ်ရယ်(ရီရီ)မနေစမ်းနဲ့ 
လူ့ ဘ၀ဆိုတာ  options အမျိုးမျိုးနဲ့ ဆန်းသစ်နေလိမ့်မယ်
တကယ်တော့...
ကျူပ်ကအရမ်းညစ်ကျယ်တဲ့ 
လောကကြီးထဲကကြည့်မှန်တချက်ဖြစ်တယ်
အမိမမှန်ကန်တဲ့ကြယ်ဖျင်းတွေရောင်းချင်ပါတယ်
မောင်းနှင်နေစဲကာလမှာ လိုင်စင်အပြည့်အစုံလိုအပ်လို့ 
အပိုထပ်ပြောတယ်မထင်နဲ့ 
ကျုပ်ဟာ လူသိမ်နုံတယောက်ဖြစ်တယ်
ဒီတခါတော့ ကျူပ်နဲ့ တိုက်ရိုက်သက်ဆိုင်တယ်....

မိုးသူ(တောင်ကြီး)
09mAy2012/Wednesday
02:10/PM
>>>ညွှန်း<<<

live concepts=တိုက်ရိုက်  အယူအဆများ ၊ တိုက်ရိုက် အမြင် သဘောထားများ။

falsification=အမှားများပြောခြင်း။ လိမ်လည်လှည့်ဖျားခြင်း။

thesis =ကျမ်း ၊ ပါရဂူဘွဲ့ အတွက်တင်သွင်းသော သုတေသနစာတမ်း။

(L.P) style (letter for freedom notes)= literature poem =စာပေကဗျာ သို့  ဘာသာစကား ကဗျာ

Hybrid =မျိုးစပ်သော။ မျိုးကွဲချင်းပေါင်းစပ်ထားသော။

youtube..Facebook...webpages..blogger=အင်တာနက်ပေါ်မှာ စာမျက်နှာများ

options =ရွေးချယ်ပိုင်ခွင့်များ

6 comments:

လွင်ပြင်လှိုင်းငယ် said...

မော်ဒန်လေးကမိုက်တယ် အဲ့လိုရေးတတ်ချင်လိုက်တာ ကျွန်တော်လေ့လာရအုံးမယ် မိုးသူရေ

အလွမ်းမြို့ said...

မော်ဒန်ကဗျာပီပီ မော်ဒန် ကျပါဘိ. လာရောက် အားပေး လက်ခုပ်တီးသွား တယ် မိုးသူရေ။ ဖြောင်း ဖြောင်း ဖြောင်း... အဆင်ပြေတယ်ဆို လက်ခုပ်သံလေး ကြားချင်ပါတယ် တောင်းဆိုစရာ မလိုအောင်ပေါ့။


ခင်မင်တဲ့
အလွမ်း

စံပယ်ချို said...

မိုးသူရေ
ကဗျာကောင်းတယ် ဘာမှမပြောတတ်ပါဘူး
ကောင်းတာပဲသိတယ်

Snow May said...

တို့ကတော့ ကိုယ်နဲ့ဆိုင်ဆိုင်မဆိုင်ဆိုင် ဖတ်သွားတယ် :D

ဖြိုးဇာနည် said...

မော်ဒန်လေးက ထိပါ့ဗျာ

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ကဗျာလာဖတ်သွားပြီမိုးသူရေ..

တစ်ပုဒ်လုံမှာ ပြောစရာတွေကိုစုံအောင်ထည့်သွားတာအရမ်းကြိုက်တယ်..

ခင်တဲ့
မဝသုန်

Post a Comment