ဘ၀အကျဉ်းစခန်း နှင့် လွတ်မြောက်ချင်နေခဲ့သောဝိဥာဉ်
နေ့ စဉ်နေ့ စဉ်...အတ္တတွေကိုရေချိုး
အဆိုးမရတဲ့သံသရာမှာ
မသတီပဲစားသုံးနေရတဲ့ ဘ၀ထဲကအညှီအဟောက်တွေကို
ပျင်းရိငြီးငွေ့ စွာ စိတ်ကုန်လာခဲ့တယ်
သတင်းစာနောက်ကျောဖက်မှာပါရှိတဲ့
ဝမ်းနည်းကြေကွဲခြင်း
ဂုဏ်ယူဝမ်းမြောက်ခြင်း
ရက်(၁၀၀)ပြည့်လွမ်းဆွတ်သတိရခြင်း
သတိပေးနိုးဆော်ခြင်း....ဆိုတာတွေဟာ
စတီဗင်ဟော့စ်ကင်းတွေ့ ရှိခဲ့ တဲ့ 
စကြာဝဠာမဟာပေါက်ကွဲမှုသီအိုရီနဲ့ 
တစိတ်တဒေသဆက်နွယ်မှုရှိနေမလား
ဒါမှမဟုတ်......
အိုင်းစတိုင်းတွေ့ ရှိခဲ့တဲ့ 
အဲလိုဆိုရင်တော့
ကျွန်တော် ပေါင်ချိန်ရုပ်ရှင်ကားထဲက
ကျန်ကျောင်းနေရာမှာသရုပ်ဆောင်ပါရစေ
ဘ၀ဟာကြမ်းတမ်းလွန်းလို့ ပါ........
တခါတခါများ ကိုယ့်စရိုက်ကိုယ်အင်မတန်ရွံမိပါရဲ့
အေးစက်စက်ကော်ဖီခွက်ထဲ
ယင်ကောင်ကျသေသလိုမျိုးရွံမုန်းမိတယ်
အချစ်ကဗျာတွေနဲ့ မ......နွဲ့ ........ချင်လို့ 
ဂီတာ........မ........တီး.............ချင်လို့ 
တယော.....မ.......ထိုး..............ချင်လို့ 
သစ်ပင်......မ.......စိုက်.............ချင်လို့ 
မျက်မှန်.....မ.......တပ်.............ချင်လို့ 
ကိတ်မုန့် ....မ.......ဖုတ်............ချင်လို့ 
လယ်.........မ.......ထွန်............ချင်လို့ 
____..........မ....._____..........ချင်လို့ 
____..........မ....._____..........ချင်လို့ 
____..........မ....._____..........ချင်လို့ 
...............................
....................
........... အဲဒီလို.....
များစွာသောဆန္ဒ ဆင်ခြေတွေနဲ့ 
ပဝေသဏီကတည်းက ပုတ်အယ့်နေခဲ့တယ်
ပေါင်မုန့် တလုံးရဲ့ အထ္ထုပတ္တိဟာ
အင်မတန်အရေးကြီးကြောင်းထောက်ခံပေးပါ
ဇွန်းတချောင်းရဲ့ အကူညီမယူပါပဲနဲ့ 
ဟင်းချိုရည်ကိုခပ်သောက်ချင်နေတဲ့ သူလိုပေါ့
အာသာငမ်းငမ်းတောင့်တ လိုက်တိုင်း
ရမ္မက်ဇောတွေဟာသွေးအေးအေးနဲ့ မိုက်ရိုင်းကြတယ်
အိုင်တီခေတ်ကြီးထဲမှာမှ မြေ၀ိုင်းဇာတ်ကမိတဲ့ ကျွန်တော်
ကိုယ့်ကိုကိုယ် သေချာပြန်ရှာလိုက်မိပါတယ်
အရှက်တရားတခုရယ် အကြောက်တရားတစုံရယ်
သမုဒ္ဒရာတစင်းရယ် အတ္တတချို့ ရယ်
မာနအကြွင်းအကျန်လေးရယ်
သံယောဇဉ်အကပ်အသပ်လေးရယ်
ပါဒတွေ ၊ အပြစ်တွေ
ချစ်ခြင်းမုန်းခြင်းတွေ
ကန့် သပ်ချက်လူ့ စည်းဘောင်တွေနဲ့ 
တင်းကြပ်စွာအချုပ်နှောင်ခံနေရလေရဲ့
မိုးသူ(တောင်ကြီး)
07mAy2012/Monday
04:45/PM
2 comments:
ချစ်စံအိမ် said...
မာနအကြွင်းအကျန်လေးရယ်
သံယောဇဉ်အကပ်အသပ်လေးရယ်
ပါဒတွေ ၊ အပြစ်တွေ
ချစ်ခြင်းမုန်းခြင်းတွေ
ကန့် သပ်ချက်လူ့ စည်းဘောင်တွေနဲ့ 
တင်းကြပ်စွာအချုပ်နှောင်ခံနေရလေရဲ့ စာသားတွေလန်ူးတယ်ကွယ်
ဖြိုးဇာနည် said...
ဟုတ်တယ် မကြီးလမင်းပြောသလိုပဲ
အလန်းတွေပဲ့မာနအကြွင်းအကျန်လေး
အဲ့နေရာကြိုက်တယ်
Post a Comment