ဒါဟာ ကဗျာတပုဒ် ဆိုရင်
ကျူပ်မငြင်းဘူး
ဒီဟာကို ကဗျာလို့ သတ်မှတ်တယ်
ဒါဟာ ရုပ်ပုံပါလို့ ဆိုရင်
ကျူပ်မငြင်းဘူး
ဒီဟာကို ရုပ်ပုံလို့ သတ်မှတ်တယ်
ဘယ်လို ယူဆချက်မျိုးကိုမဆိုလက်ခံဖို့ 
ကျုပ်လေ့ကျင့်နေတယ်
ဘယ်လို ပုံသဏ္ဍာန်မျိုးမဆို လက်ခံဖို့ 
အဆင်သင့်ဖြစ်အောင်ကျိုးစားနေတယ်
အိုဇုံးလွှာပေါက်ပြဲနေပါပြီ.........
ကမ္ဘာကြီးပူနွေးနေပါပြီ .........
လုယက်ငြင်းခုံမှုတွေရပ်တန့် ပေးပါ
မိုးသူ(တောင်ကြီး)
08mAy2012/Tuesday
01:33/PM
6 comments:
ဒါဟာ ကဗျာတစ်ပုဒ်ဆိုတာလဲ လွင်ပြင်မငြင်းဘူး
မကြီးဂျက်တို့ကလဲဘာကိုမှ မငြင်းမိပါဘူးနော်
ဘာမှမငြင်းပဲ အားပေးခဲ့ပါတယ်
မငြင်းပါဝူးဂျာ့ အားပေးလျှက်ပါ
ငြင်းတော့ မငြင်းပါဘူး.. ဒါပေမယ့် ကမ္ဘာကြီး ပူနွေးတာကို လျော့နည်းအောင် ကြိုးစားချင်တဲ့သူတစ်ယောက်တော့ရှိတယ် :)
ကမ္ဘာကြီးပူနွေးနေပြီ (ဟာ)
အိုဇုန်းလွှာကြီးပေါက်ပြဲနေပြီ (ဟင်)
လုယက်ငြင်းခုန်မှုတွေရပ်တန့်ပေးပါ. (stop)
စတာနော်...ဟဲဟဲ
ကဗျာလေးဖတ်သွားပါတယ်ခင်ဗျ
Post a Comment