အတွေးထဲကစိတ်ကူး


စိတ်ကူးလေးတွေမြူးကြွနေတယ်
အရူးထတာမဟုတ်ရပါဘူးနော်
မထူးတဲ့အခုဘ၀မှာတော့
အဆူးစူးလဲစူးပါစေ...

မရေမရာအပြစ်မဖွဲ့ ပါနဲ့ 
အသေချာချစ်ခဲ့တာတော့ယုံပါ
အထုံပါတဲ့မျက်ရည်
အရှက်ပြေအောင်မချိပြုံးက
လူလုံးတောင်မလှတော့ဘူးကွယ်....

မျှော်လင့်ပါရစေကွဲ့ 
မတော်မသင့်တဲ့
အတွေးလဲမဟုတ်ရပါကွယ်
ထုပ်ပြပါ့မယ်အကြင်နာများနဲ့ 
တမင်တကာငါ့အသဲ
ထပ်မကွဲပါရစေနဲ့ နော်

စစ်ဆေးမနေပါနဲ့ 
အချစ်ရေးမှာနှောင့်ခဲ့သမို့ 
အကြောင့်ကျမဲ့ရင်ခုန်သံကို
ရန်ထောင်ကာကျီစယ်စကားလဲ
မရည်ရွယ်ထားခဲ့ပါဘူးကွယ်
ပေးဆပ်ခြင်းဟာ
ဆန္ဒသာဖြစ်မယ်ဆိုရင်
တောင်းတခြင်းဟ
ရမ္မက်ဖြစ်သင့်ပါရဲ့ 

မိုးသူ(တောင်ကြီး)
30ApRiL2012/Monday
09:11/AM

5 comments:

စံပယ်ချို said...

မိုးသူရေ
ကဗျာ ကောင်းတယ်ဗျို့
ရေးတတ်လိုက်တာ

ဖြိုးဇာနည် said...

ရမ္မက်တော့ မဖြစ်ချင်သေးပါဘူး
ဆန္ဒသာဖြစ်ပါရစေတော့လားကွယ့်

ချစ်စံအိမ် said...

ကဗျာလေးခံစားသွားပါတယ်..

Snow May said...

ရေးတတ်လိုက်တာနော်.. ပါရမီပါတဲ့သူတွေကတော့ ဘယ်လိုရေးရေး ကဗျာကောင်းလေးတွေ ဖြစ်သွားတာပါလား

အလွမ်းမြို့ said...

စစ်ဆေးမနေပါနဲ့ 
အချစ်ရေးမှာနှောင့်ခဲ့သမို့ 

မိုးသူရေ။ စစ်ဆေးမနေပါနဲ့ဆိုတော့ စာရင်းစစ် အဖွဲ့ကများလားနော်။
ကဗျာကောင်းလေး ဖတ်သွားတယ်။

ပေးဆပ်ခြင်းဟာ
ဆန္ဒသာဖြစ်မယ်ဆိုရင်
တောင်းတခြင်းဟ
ရမ္မက်ဖြစ်သင့်ပါရဲ့ 

(((((တောင်းတခြင်းဟာ)))) ဆိုကဗျာလေးပိုလှသွားမယ် မိုးသူရေ။
အရသာရှိတဲ့ ကဗျာလေး အားပေးခဲ့တယ်။


ခင်မင်တဲ့
မကြီးလွမ်း

Post a Comment