လူပျိုကြီးဈေးဝယ်ထွက်ခြင်း




ကျူပ်ဟာ  နွေနှောင်းရာသီတခုမှာ

ကုတ်အင်္ကျီဖားဖားကြီးတထည်ဝယ်ဖို့ စိတ်ကူးခဲ့တယ်

သူ့ မှာ အိတ်ကပ်တွေအများကြီးနဲ့ ပေါ့

ညာဖက်အိတ်ကပ်မှာ နှုတ်ခမ်းနီမိတ်ကပ်..လော်ရီရယ်တံဆိပ်

ဘယ်ဖက်အိတ်ကပ်မှာ ရွှေရောင်ဆံပင်နဲ့ စမတ်ဖုန်းတလုံး

အင်္ကျီရဲ့ အပေါ်ညာဖက်အိတ်ကပ်မှာတော့

လက်ကိုင်အိတ်တလုံးနဲ့ အလှပြုပြင်ရေးဆိုင်

အကျီ င်္ရဲ့ အပေါ်ဘယ်ဖက်အိတ်ကပ်မှာတော့

တယောတလက်နဲ့ စတိုးဆိုင်တဆိုင်

အတွင်းအိတ်ကပ်မှာ ကားသော့တချောင်းနဲ့ နိုက်ကလပ်တခု

ဈေးနှုန်းစပ်စုကြည့်လိုက်ပါတယ်

ဟိုက် ရှားဘားးးးးးးးး

ဈေးကြီးလိုက်တဲ့ နှုန်း

ခပ်တည်တည်နဲ့ ပြုံးပြီးပြန်ထားလိုက်တယ်

အရမ်းလေးလံလွန်းတဲ့ အကျီ င်္မို့ 

တခြားအထည်တွေဖက်လှည့်ထွက်

နောက်ရက်တွေမှာပြန်လာပါမည်ပေါ့

စာရေးမလေးခင်မျာမယ် သက်ပြင်းကိုဟင်းခနဲမှုတ်

တော်တော်အလုပ်ရှုပ်ဟုရေရွတ်ရင်း

မှန်ဘောင်အတွင်းပြန်သွင်းလိုက်လေသတည်း..........


မိုးသူ(တောင်ကြီး)
27 ApRiL 2012/Friday
07:50/AM

1 comment:

လွင်ပြင်လှိုင်းငယ် said...

ဟိုက် ရှားဘား....မိုက်တယ်ဟ ကဗျာက

Post a Comment