ထို့ ကြောင့်......လူ



ကျွန်တော်အိမ်မှာနေပါသည်
ထိုကြောင့် နေမပူပါ

ကျွန်တော့တွင်နာရီပျက်တလုံးရှိပါသည်
ထို့ ကြောင့် အချိန်မှန်စွာနောက်ကျတတ်၏

ကျွန်တော်မာနမကြီးတတ်ပါ
ထို့ ကြောင့်ဥပေက္ခာတရားတို့ ထက်သန်လှ၏

ကျွန်တော်သနားတတ်ပါသည်
ထို့ ကြောင့်ဂရုဏတရားတို့ မွေးမြူထားပါသည်

ကျွန်တော်မနာလိုမဖြစ်တတ်ပါ
ထိုကြောင့်မုဒိတာတရားတို့ ဆုတ်ကိုင်ထားပါသည်

ကျွန်တော်ဒေါသမကြီးတတ်ပါ
ထိုကြောင့်စိတ်တိုတတ်ပါသည်

ကျွန်တော်မောဟမကြီးတတ်ပါ
ထို့ ကြောင့်ငေးမောစွာနေတတ်ပါသည်

ကျွန်တော်လောဘမကြီးတတ်ပါ
ထိုကြောင့်အလုပ်ကိုအလွန်ကြိုးစားပါသည်

ကျွန်တော့မှာရီးစားမရှိပါ
ထိုကြောင့် ချစ်သူပျော်နေသည်

ကျွန်တော်ကဗျာမရေးတတ်ပါ
ထို့ ကြောင့်ကာရန်များပျောက်ရှနေပါသည်

ကျွန်တော် မညာတတ်ချင်ပါ
ထိုကြောင့် မုသာဝါဒအား
ခါးဝတ်ပုဆိုးကဲ့သို့ ခဏခဏပြင်ဝတ်ပါသည်။


မိုးသူ(တောင်ကြီး)
22 ApRiL 2012/Sunday
03:54/PM

5 comments:

ဖြိုးဇာနည် said...

ရေလည်မိုက်တယ်ဗျာ့
အရမ်းကြိုက်သွားပြီ့
အဲ့အထဲကကျွန်တော်ဆိုတာ
ဇာနည် ဆိုတဲ့ကျွန်တော်လားမှတ်ရတယ် :D

ချစ်စံအိမ် said...

ကဗျာဖတ်ပြီပြုံးမိတယ် အားပေးခဲ့ပါတယ်။။

အလွမ်းမြို့ said...

မိုးသူရေ..
အလွမ်းလာခဲ့တယ်။ ကဗျာလေးဖတ်သွားတယ်။ ပျောက်ရှ တာဟုတ်ဖူးလား။
ထို့ ကြောင့်ကာရန်များပြောက်ရှနေပါသည်....အဲလိုလေး မြင်မိလို့..
အလွမ်းသေချာ မသိဘူးနော်။ ရိုးသားစွာခင်မင်မှု မောင်နှမစိတ်ဖြင့် ပြောမိထှာနော်. စိတ်မဆိုးကြေး။


ခင်မင်တဲ့
မကြီး

စံပယ်ချို said...

ကျွန်တော် မညာတတ်ချင်ပါ
ထိုကြောင့် မုသာဝါဒအား
ခါးဝတ်ပုဆိုးကဲ့သို့ ခဏခဏပြင်ဝတ်ပါသည်------------

မိုးသူ(တောင်ကြီး) said...

မကြီးလွမ်းရေ ...
ဟုတ်ပါတယ် ခင်ဗျာ စာလုံးပေါင်းမှားသွားတယ်
ပြင်လိုက်ပါ့မယ် ခင်ဗျာ.... စာလုံးပေါင်းပြင်ပေးတဲ့ 
မကြီးလွမ်းကို ကျေးဇူးအများကြီးတင်ပါတယ်
ကျွန်တော်တို့ တွေ စာလုံးပေါင်းအမှားနဲ့ ရေးရင်
တခြားသူတွေက အဲဒီစာလုံး ကို အဟုတ်ထင်သွားကျပါလိမ့်မယ်
အမြင်မတော်တာရှိရင်ဆို ဆုံးမ နိုင်ပါတယ် အခုလို ပြုပြင်ပေးလို့ လဲ
အရမ်းကျေးဇူးတင်ပါတယ်
အကုန်လုံးကိုပြောတာနော်
မိုးသူ(တောင်ကြီး)

Post a Comment