နွေ.........(သို့ )......... တန်ခူး
အိုက်စပ်စပ်
ခြောက်ကပ်ကပ်
အာခေါင်ခြစ် လေနွေးတွေကြောင့်
အ၀ါရည်တွေပက်ဖြန်း
ခပ်ကြမ်းကြမ်းပဲ
အော်ငြီးဆဲဆိုကြတယ်
....."တောက်" ....
မိုက်လုံးကြီးလှတဲ့ ...ပြက္ခဒိန်
ဒီအချိန်မှာမှ
ဇယားကွက်ထဲမှင်နီများသတဲ့ လား
၁၃ ရက် ..........
.............၁၄ ရက်
၁၅ရက်...........
..............၁၆ရက်
၁၇ရက်............၁၈ရက်.....
အိပ်ကပ်တောင်ပွန်းပဲ့သေးတယ်
အဲဒီရက်တွေမှာ
ကျူပ်ဟာ နောက်ဆုံးပေါ်
ယဉ်ကျေးမှုတွေထဲက
ကြေးသွန်းပန်းပု သဏ္ဍာန်
ရေစိုပေါင်တံဖြူဖြူလေးတွေ
ကမြင်းကြောထနေတာကို
ခပ်ရိုင်းရိုင်းလေးစိုက်ကြည့်ခဲ့တယ်
ကိုင်း....
ပုဇဉ်းရင်ကွဲအော်သံတွေ
တနာရီ မိုင် ၇၀ နှုန်းနဲ့ 
နွေလည်ဥတုကိုဗဟိုပြုတိုက်ခတ်နေကြပြီ
ဥသြငှက်တွေရဲ့ လွမ်းချင်းသီသံတွေဟာ
ဂိမှာန်ရာသီကိုစစ်မြေပြင်လိုသဘောထား
ပယင်းရောင် စစ်သည်တွေကြားမှာ
 ကျူပ်ကိုမျိုမျိုချနေကြတယ်
တခါမှငုံ့ မကြည့်ခဲ့တဲ့ရင်ဘတ်
ပြောင်ချော်ချော်နဲ့ 
ဝါးလုံးကွဲအောင်ရီနေတဲ့သကာလ
အဲဒီည...
လဟာ...ရေဆင်းသောက်
ကျူပ်ဟာ ၀မ်းယားမှောက်လို့ 
ဗိုက်ဟာဟောင်းလောင်းပေါက် နဲ့ 
ခင်ဗျားဟာ
ခုံးဝန်းနေတဲ့ ကမ္ဘာကြီးထဲက
တော်တော်လေးချွေးစော်နံတဲ့ ရာသီဥတုဖြစ်တယ်
ပြီးတော့ ..ခင်ဗျားဟာ
ချစ်သူနှစ်ဦးကြားမှာ ခလောက်ဆန်တတ်တဲ့ 
နတ်ဆိုးတပါးလဲဖြစ်ပြန်သေးရဲ့ 
ထားလိုက်ပါတော့
ဒီနှစ်အတွက်
စပ်ဖျင်းဖျင်းပဲ လက်ပြနှုတ်ဆက်လိုက်ပါတယ်
.....မှတ်ချက်။   ။......
ကဗျာတပုဒ်၏
အင်ဂရီးဒီးယန့် တွေထဲမှာ (ingredients)
ကဗျာရေးသူရဲ့ 
နှလုံးသွေးတစက်
ရင်ခုန်သံတချက် နဲ့ 
သပ်ရပ်စွာထုပ်ပိုးထားပါသည်။  ။
မိုးသူ(တောင်ကြီး)
20 ApRil 2012/Friday
10:17/AM
2 comments:
လွင်ပြင်လှိုင်းငယ် said...
ခင်ဗျားဟာ
ခုံးဝန်းနေတဲ့ ကမ္ဘာကြီးထဲက
တော်တော်လေးချွေးစော်နံတဲ့ ရာသီဥတုဖြစ်တယ်
ပြီးတော့ ..ခင်ဗျားဟာ
ချစ်သူနှစ်ဦးကြားမှာ ခလောက်ဆန်တတ်တဲ့ 
နတ်ဆိုးတပါးလဲဖြစ်ပြန်သေးရဲ့ 
ဆိုတဲ့ စာသားလေးကို ခိုက်သွားပြီ အားပေးလျက်ပါ
ချစ်စံအိမ် said...
ကဗျာလေးလာရောက်ခံစားသွားပါတယ်
Post a Comment