ကျွန်ုပ်နှင့်လှမ်းကိုင်မိသော အသိများ


(၁)
အလင်းပေါက်ကြယ်ရီသံတို့ 
ကျွနုပ်ကိုလှောင်ကြပြီ။

သိက္ခာတရားတို့ 
လိပ်ပြာလှအောင်
ရှိန်းဆာယာဖိုမောက်
ကိုယ်ဖြောက်တတ်သလားကွဲ့ 

ကမ္ဘာကြီးသာယာပါစေကွယ်
ညာဖြီးနေတဲ့မာယာတွေနဲ့ ပါးစပ်
အခု...... ချက်ချင်းပိတ်
ကိုယ့်အရိပ်ကိုယ်ပြန်လှန့် အောင်
သတိတွေပံ့
ရပ်တန့် ပလိုက်စမ်းကွယ်

ကျွန်ုပ်သည်....
ကျွန်ုပ်ရာဇ၀င်၏
ရာဇ၀တ်ကောင်ဖြစ်သည်
ထိုနည်းတူ
ကျွန်ုပ်သည်
ကျွန်ုပ်ဝိဥာဉ်၏
သူရဲကောင်းဖြစ်သည်
(၂)
လူတွေများသိပ်ရီရတယ်
သြော်....လောကမှာ
လူတမျိုးတည်းသာလျှင်
ရီတတ်သတဲ့ 
ထို့ ကြောင့် ..လူသားပီပီ
ကျွန်ုပ်ရီလိုက်သည်
ဟင့်အင်း...ဟင့်အင်း
မဟုတ်သေးဘူး
လူပီသ...ရဲ့ လား
စစ်ဆေးသင့်သည်

ကျွန်ုပ်သည်
သခွပ်ပွင့်တို့ အားနှစ်သက်မြတ်နိုး၏
သို့ ပေမယ့် ....
သခွပ်ပင်ကမီးတကျီကျီဖြစ်မည်ကိုတော့
အလွန်ရွံ မုန်းသည်

ကျွန်ုပ်ရဲ့ အပြုအမှုတွေ
မျက်ရည်ဝဲခဲ့ဖူးတယ်
အချိန်တော်တော်များများမှာ
မှောက်လျှက်သားအုပ်ထားတဲ့ ဖဲချပ်တို့ 
ဖွင့်လှစ်လိုက်ချင်ပါသည်
သမာဒေ၀နတ်မြတ်နတ်ကောင်းတို့ နဲ့ အတူ
ကျွန်ုပ်အားကောင်းချီးသြဘာပြုမူပေးကြပါကုန်

ကျွန်ုပ်၏အရှက်အကြောက်တရားတို့ အား
အစအဆုံး..အသုံးပြုခွင့်ပေးပါ
ကျွန်ုပ်ဟာ ဇာတ်ခုံပေါ်က
ခပ်ညံ့ညံ့ကချေသည်တယောက်သာဖြစ်၏
(၃)
မာယာလူမျိုးတို့ ရဲ့ ပြက္ခဒိန်မှာ
သောကြာနေ့ ဟာအနက်ရောင်
အနောက်တိုင်းဝတ်စုံနဲ့ ခန့် ညားနေတယ်
ကျွန်ုပ်ဓါး ကျွန်ုပ်သွေးနေတယ်
ကံကြမ္မာဆိုးတွေလဲသွေးဆာနေတယ်

ရပ်ကွက်ထဲက
ဟေး.....ဆိုတဲ့ ညာသံတွေနဲ့ အတူ
ကျွန်ုပ်အခန်းမီးလင်းလာ၏
စစ်မြေပြင်မှာ ကျဉ်ဆံမဲ့ နေတဲ့ သေနပ်လို
ကျွန်ုပ်ဘ၀ကို ကျွန်ုပ်ရိုသေစွာအသုံးပြုပါမည်
သို့ ပေမယ့်.....ဖွင့်လှစ်ခြင်း.ဖောက်ဖတ်ခြင်းမပြုရ
အတွင်းစိတ်အလျှင်နှုန်းနဲ့ 
ကြယ်မှုန်တွေခြံရံလို့ နန်းသိမ်းပွဲကျင်းပမည်

ဖုန်းဆိုးမြေကွက်လပ်ကိုထွန်ယက်ခွင့်ပေးပါ
မျိုးစေ့မှန်သော စာနာမှုသစ်ပင်ပျိုးထောင်ချင်ပါသည်
ကျွန်ုပ်၏သမုဒ္ဒရာအတွက်ဝမ်းစာဖြည့်ဖို့ 
အူမတောင့်အောင်စောင့်ရပေအုံးမည်

ဝါရိတ္တ..စာရိတ္တ
ဟီရိသြတ္တပ
ကမ္ဘာစောင့်တရားတို့ 
အရှက်လုံအောင်ကွယ်ဝှက်
အိုင်တီခေတ်အလယ်မှာ
ယိုင်နဲ့ နဲ့ ဖြင့်
အနိစ္စ မြစ်ထဲမျောလိုက်တော့မလို့ 

(၄)
ဟေ့.... သောကဆိုတဲ့ ငနဲ
မင့်အဖော်ပါခေါ်ခဲ့ ကွယ်
ကျွန်ုပ်တို့ စီးချင်းထိုးရင်
ကိန်းဂဏန်းမရှိစေရ
ကျော့ကွင်းမမိစေရ
ရဲရဲတင်းတင်းစိမ်ခေါ်လိုက်ပါ
ဝါဒမဖြန့် ကြေးပေါ့

ကမ္ဘာကြီးဂရုဏတရားတွေ
ဆုတ်ယုတ်လာတယ်
ဆူနာမီအတွက်
လက်ခုတ်တီးပေးကြပါ
လူ့ အဖွဲ့ စည်းတခုလုံး၌
ပြတ်ရွှေ့ ကြောင်းတွေဖြစ်ပေါ်လတ္တံ့ 

မိအေးရေ .....
ဒီတခါတော့ဖြင့်
နှစ်ခါမနာစေရဘူး
အနာခံမှအသာစံရမယ်ဆိုတဲ့ စကား
ဘယ်သူကများအညှောင့်ထောင်ခဲ့ပါလိမ့်
ကျွန်ုပ်ရဲ့ အတွေးတွေ အဲဒီလို
တွန့် ခေါက်ခဲ့ ပါတယ်...

ကောင်းသောနေ့ ပါ
အို......အသင် လောက
စိတ်အဟာရအတွက်
ကုန်ကြမ်းတချို့ ပေးသနားပါ
လျော့ရဲရဲဆက်ဆံမှုတွေနဲ့ 
ဥပေက္ခာတို့ ချို့ တဲ့ ပါစေ
ဇီဇာကြောင်သော
မုဒိတာမပွားမိပါစေနှင့်
သမာရိုးကျသာလှော်ခပ်ပါ
ပန်းတိုင်သည်
လမ်းအဆုံး၌တည်နေပေလိမ့်မယ်


မိုးသူ(တောင်ကြီး)
19 ApRiL 2012/Thursday
04:57/PM

1 comment:

စံပယ်ချို said...

သောကဆိုတဲ့ ငနဲ
မင့်အဖော်ပါခေါ်ခဲ့ ကွယ် -------
အဖော်တော့မခေါ် ခိုင်းပါနဲ့လေ
သောက ဆိုတဲ့တစ်ကောင်ထဲတောင်မှ
မခံနိုင်ဖြစ်နေလို့ပါ

Post a Comment