ကျူပ်မြစ်ထဲကျူပ်စီးဆင်းတယ်..ကျူပ်အကြောင်းကျူပ်ပြောတယ်..ကျူပ်တိုင်းပြည်ကျူပ်ချစ်တယ်... ဘာများထူးဆန်းသလဲ(သို့ )မနုဿဟိတ



နောင်ရိုးရေ...
ဆိုမာလီတောင်းပိုင်း ဂဲဒိုဒေသကအယ်ရှာဘက်တို့ က
ဒို့ တာဝန်အရေး(၃)ပါးမသိရှာကြပါဘူး....
ပင့်ကူမြို့ တော်မှာ ပုဂံခေတ်အကြောင်း
ဒုတ်၊ဓါးလက်နက်တို့ ကိုင်ပြီးဆွေးနွေးကြသတဲ့
သတင်းမီဒီယာတွေနဲ့ ကာရံထားတဲ့ တံတိုင်းအတွင်းမှာ
သာဂိ...ခမျာမယ်ဖုတ်သရဲ မျက်နှာငယ်အသွင်နဲ့ ပေါ့
ဥရုချောင်းရေဟာဝါကျင်ကျင်နဲ့ မျက်ဖြူလန်နေခဲ့ပြီ
တတိယမျိုးဆက်ဟာရင်ဘတ်ကိုတဖြည်းဖြည်းကော့ပြတယ်
ဒါဟာ ....ကျူပ်တို့ ရဲ့ အနုလုံပဋိလုံကျူပ်တို့ အကြောင်းလေဗျာ

ကံကြမ္မာဆိုတဲ့ ပုံရိုးရိုးငတိလေးရေ.......
လာခဲ့လေ...ပန်းဆိုးတန်းသလင်းပြင်မှာနပန်းလုံးရအောင်
ဟိုဖက်စားပွဲပေါ်က သူရာရည်ဟာ ပယင်းရောင်မဆန်ဘူးလေ
ကျူပ်ဟာ..လေပြေသွေးရဲ့ကဗျာတွေဖတ်ဖတ်ပြီးရင်ကြပ်တယ်
ဇာတိရေ ကျူပ်အညာမိသွားတာထင်ပါရဲ့ 
သူရေးတာအဲဒီအကြောင်းမဟုတ်ဘူး
ဇာတ်လိုက်မင်းသမီးနေရာမှာ ရှကီရားလဲမဟုတ်ဘူး
မာရီလင်မွန်ရိုးက ဆုပန်ထွာနဲ့ မတူတာသိလိုကရပြန်တယ်
ရူးးးးးးးတိုးတိုးဗျ..... ဧရာဝတီမကောင်းကြောင်းမပြောကြနဲ့ 
ကျူပ်တို့ အကြောင်းပဲကျူပ်တို့ ပြောကြပါစို့ .......

ဂလိုဘယ်လိုက်ဇေးရှင်းဈေးကွက်ထဲမှာ
Cutie Angel လေးရဲ့ Gtalk password မှားနေခဲ့တယ်
ဈေးနှုန်းချိုသာတဲ့ ကမ္ဘာကြီးမှာနေပါရစေ
ကျူပ်က နဂိုကတည်းကဈေးပေါပေါလူနုံတကောင်ပါ
လာစမ်းပစေဗျာ..နာဂစ်ဆိုတဲ့ ပန်းပွင့်လေးကိုမှုဒိန်းကျင့်ဖို့ 
ကျူပ်တယောက်ထဲစစ်တောင်းမြစ်ဝှမ်းကထိုင်စောင့်မယ်
သဘာဝဓါတ်ငွေ့ ပိုက်လိုင်းတွေအတွက်စိတ်မကောင်းပါဘူး
တိုင်းတပါးအတွက်ပရဟိတစိတ်ကိန်းအောင်းလိုက်ရတယ်

ဘာမှမသိတဲ့ သိမှုဘာသာရပ်လေ့လာနေဆဲပါ
ငြိမ်ငြိမ်သာထိုင်နေပါဈေးစစ်တဲ့ အထဲ
ခင်ဗျားတို့ ....အစစ်ပါသွားချင်လို့ လား
ဒါပေမယ့်..သိပ်လဲစိတ်မပူပါနဲ့ သိပ်လဲစိတ်ကူးမယဉ်ပါနဲ့ 
ပို့ ချသမျှပြီးမြောက်အောင်သင်ယူလိုက်ပါ
Facebook profile မှာပုံနဲ့ တကွ Uploadတင်လိုက်ပါ့မယ်
အင်းလေးကန်စိမ်းလန်းစိုပြေရေးအတွက်
မြစ်ချောင်းအင်းအိုင်မတိမ်ကောရေးအတွက်
သစ်ပင်စိုက်ကြေးအတွက်
ဘာရေးအတွက်...
ညာရေးအတွက်...
ဘုရားကြီးပြုပြင်ရန်အတွက်....
ဒါများဗျာ.... ဘီလူချောင်းရေအားလျှပ်စစ်က
တာဘိုင်အင်္ဂျင်နှစ်လုံးတပ်မလို့ တော်ပါသေးရဲ့ 
အဲဒီနည်းတွေနဲ့ ကျူပ်ဟာ......
ကိုယ့်ပေါင်ကိုလှန်ထောင်းကြည့်လိုက်မိတယ်

ခင်ဗျားတို့ လဲသိသားပဲမိခင်သန့် မှနို့ ရည်သန့် မှာလေဗျာ
ဒဿနတွေသိပ်မတွေးစမ်းပါနဲ့ အရှိတရားတွေမိန်းမပျက်ဆန်လွန်းလှတယ်
ကျူပ်တို့  တတွေရဲ့ ချစ်သူတင်သားကြီးထွားနေတာတခြားလူတွေသတိပြုမိတယ်
ဘင်လာဒင်ထက်စာရင်ခင်ဗျားဟာတော်တော်စိတ်ကောင်းရှိပုံရတယ်
အိုဘားမားမကောင်းကြောင်းကျူပ်ကိုတခါမှမပြောဖူးသေးဘူး
ဟီလာရီကလင်တန်ရဲ့ ရင်သားရှုပ်ထွေးကြောင်းတခါမှမပြောဖူးသေးဘူး
Park royal ကမိန်းမပျိုလေးအကြောင်းတော့ခဏခဏပြောရှာပါရဲ့ 
ဒီနေ့ ည ရပ်ကွက်ထဲကမီးကင်းစောင့်ဖို့ ခင်ဗျားအလှည့်ကြပါတယ်
မှောင်နက်မဲမဲမို့ ဒါတွေဟာသိပ်အရေးမကြီးပါဘူး
အပျိုဖော်ဝင်စ မေခနဲ့ မေလိခညီအမနှစ်ဦးကိုဆောင်မကြည့်ရှုပေးကြပါ
အက်ဒီဆင်ကိုဂုဏ်ပြုလက်စနဲ့ ဆက်လက်ဂုဏ်ပြုရပါစေတော့
....ဟေ့ကောင်တို့ ရေ....သိပ်အကြောင်းမဟုတ်ဘူးကွ...

မုတ်ဆိုးဖိုရွာသူကြီးရေ...
ကျူပ်တို့ ရွာလေးမုတ်ဆိုးမဖြစ်တော့မလို့ လက်မတင်လေးပဲလိုတယ်
ကျူပ်တို့ အကြောင်းကျူပ်တို့ စိတ်ဝင်စားရမယ်
ဗျို့ ....
ကိုမြစ်ငယ်...
မြစ်ငယ်မြစ်ဟာသိပ်ရေစီးသန်လွန်းသဗျ
ကျူပ်ကိုဘာအောင့်မေ့နေလဲ ရေကာတာဆောက်ပစ်လိုက်ရမလား
ကံကော်နီရဲ့ ကဗျာထဲမှာ မိန်းခလေးမကောင်းကြောင်းသိပ်များတယ်
ဘ၀ဆန်သလိုလိုနဲ့ လိမ်လည်မှုကြီးကို အပီအပြင်ကျူးလွန်နေတယ်
လူတိုင်းရဲ့ ရင်ထဲမှာ တခစ်ခစ်ရီတတ်တဲ့ (၁၆)နှစ်အရွယ်ကပုံရိပ်လေးတွေရှိနေမှာပါ
အောင်နိုင်လွန်းဆိုတဲ့ ငတိကတော့ သူလက်သည်းခွံလေးနဲ့ သူကျေနပ်နေရှာတယ်
ကျူပ်ကတော့ဘယ်မြစ်ရေထဲစီးဆင်းရမလဲ ချောင်းမြောင်းနေတုန်းပဲရှိပါသေးတယ်
ကျူပ်တို့ တတွေဟာ........
ကျူပ်တို့ အကြောင်းပဲ ကျူပ်တို့ စိတ်ဝင်စားနေကြတယ်....


မိုးသူ(တောင်ကြီး)
14 ApRiL 2012/Saturday
05:03/Pm

2 comments:

လွင်ပြင်လှိုင်းငယ် said...

ကောင်းလိုက်တဲ့ စာသားတွေ

ချစ်စံအိမ် said...

ဖတ်သွားပါတယ် နှစ်သစ်မှာပျော်ရွှင်ပါစေ

Post a Comment