သို့ .....နိုင်ငံရေးလုပ်စားကျသူများ


အဆင်ကွဲကာ
အမြင်လွဲရှုပ်
အထင်ထုတ်နိုက်
အတွင်းလှိုက်ဟောင်
အဆံချောင်လို့ 
ရန်ထောင်မာန်တင်း
ဟန်ဆောင်ခြင်းနဲ့ 
သံယောင်နင်းပြား
လုပ်စားကျသည်
နှုတ်အားပျမ်းမျှ
အပုတ်ချ၍
ယုတ်စွအဆုံး

အသိပြုန်းကာ
ညဏ်တုံးမော်ကြွား
သေသော်ငြားလည်း
ကဗျည်းထားခဲ့
အများဘွဲ့ တွင်
ရှင်ဘုရင်ရူး
အသွင်မူးကာ
အထူးခေါ်ထိုက်
လူမိုက်ဘဝ
ရောက်ရမည်မှာ
ဧကန်မလွဲရှိမည်တိ...

မိုးသူ(တောင်ကြီး)
3 nD ApRiL 2012/Tuesday
02:20/PM

2 comments:

စံပယ်ချို said...

အပေါ်ကတင်ထားတဲ့ပုံနဲ့ကဗျာကတော့ကွက်တိပဲ

ချစ်စံအိမ် said...

ကဗျာလေးကြိုက်၏

Post a Comment