လူ့ ဂွစာ(သို့ )အတ္တဘော
(၁)
အတိတ်တွေကို
မြေမြုတ်သင်္ဂြိုလ်
ပိုသည်လိုသည်မသိ
ဝိသမာအကျင့်ဆိုးနဲ့ 
တင့်မျိုးနွယ်ဂုဏ်မောက်
ဖြုတ်ဦးနှောက်ဟာ
သူ့ ဦးနှောက်ထက်ကြီးသတဲ့ .....
(၂)
ပစ္စုပ္ပန်ကိုတွယ်ဖက်
အရှက်နဲ့ သိက္ခာဘေးဖယ်
အတွေးကြွယ်ကာညဏ်ကွန့် 
ကိုယ်ကျိုးစွန့် ဖို့ ဝေးစွ
ပေးမျှဖို့ တောင်နောက်တွန့် 
ကြောက်ရွံစရာ
အတ္တတွေနဲ့ ကွယ်ဖုံး
တသက်လုံးလဲမဟန်
လူ့ တိရစ္ဆာန်လိုမာန်ထ
ပြင်မရတဲ့ အကုသိုလ်နဲ့ 
သူ့ ဘ၀ကိုရေစုန်မျောသတဲ့........
(၃)
စာတတ်တဲ့အတွေးနထ္ထိ
ရပ်ကြည့်စရာမလိုအောင်
ခပ်ပြောင်ပြောင်နဲ့ ဂျောင်ကပ်(ချောင်)
နောင်အနာဂတ်ဟာမှုန်ဝါး
ယုံမလားလို့ တွေးထင်
ဘေးအမြင်မှာမနှစ်မျို့ 
ရင်စို့ လောက်မာနနဲ့ 
ကားယားခွလို့ ထိုင်
သီလတွေလဲယိုင်
ထိမ်းမနိုင်တဲ့ သူ့ နလုံးအိမ်ဟာ
ပြက္ခဒိန်တွေသာဟောင်း
အမူအကျင့်တွေဟာမပြောင်းလဲဘူး
စောင်းမြောင်းပြောတတ်တဲ့
လောဘ၊ဒေါသ၊မောဟကြားမှာ
အဲဒီလူဟာ
"အပ္ပမာဒေန၊ သမ္မာဒေထ"
ကိုမေ့လျော့နေသူ
တယောက်လဲဖြစ်ပြန်ရဲ့ 
မိုးသူ(တောင်ကြီး)
2nD ApRiL 2012/MoNdAy
10:45/AM
Subscribe to:
Post Comments (Atom)
5 comments:
ဦးဆုံးလာဖတ်သွားတယ်။ စာတွေက အရမ်းမြင့်တော့ အလွမ်းမြို့လို့
ဖြုတ်ဦးနှောက်က နားမလည်တော့ဘူးကွယ်။ ဒါပေမဲ့ ကဗျာ တွေရေးတတ်သူ ကိုတော့ချီးကျူးသွားတယ်။
ခင်မင်တဲ့
အလွမ်းမြို့
ကားယားခွလို့ ထိုင်
သီလတွေလဲယိုင်
ထိမ်းမနိုင်တဲ့ သူ့ နလုံးအိမ်ဟာ
ပြက္ခဒိန်တွေသာဟောင်း
အမူအကျင့်တွေဟာမပြောင်းလဲဘူး----အရမ်းကောင်းတယ်ဖွဲ့ဆိုပုံ
အပြင်လောကမှာလဲတွေ့ဖူးတယ်
အပေါ်ကမမတွေပြောသွားသလိုပါပဲ :)
အနှစ်သာရ ပြည့်ဝတဲ့ ကဗျာလေးမို့ ၃ကြိမ်ဖတ်သွားပါတယ်
ကားယားခွလို့ ထိုင်
သီလတွေလဲယိုင်
အရမ်းကြိုက်တယ်
Post a Comment