လက်နှစ်ချောင်းထောင်ခြင်းသီအိုရီ နှင့် like ယဉ်ကျေးမှု


gtalk ကိုအရင်းတည်ပါလို့ 
မြူစွယ်တဲ့ ပျို...
ရင်ထဲလှိုက်ဖို
voice mail မှာအသံချိုချိုနှင့်
Photo ကို cute ဖြစ်အောင်ပြင်
logo မှာဝေးအောင်တင်ကာထားလို့ 
ယုံချင်အောင်သူလေပြောပြန်တယ်
ရင်များဖြင့်ခုန်.....
facebook ကို nick name ပေးလို့ 
add လိုက်ပါကိုကိုရယ်နဲ့ 

ဟန်မူမူသူလေချွဲပြန်သေးတယ်
သိပ်တတ်တဲ့ ပျို.....
ရန်သူလိုအသဲမခွဲပါဘူးရယ်ပေါ့
စွဲဆောင်ကာ ဖိုတိုများရယ်နှင့်
ပါးနှစ်ဖက်ကိုသူလေဖောင်း
လက်နှစ်ချောင်းပါထောင်
ယောင်တောင်တောင်စကားရယ်နဲ့ 
ပြောင်လှောင်ကာ
လျှာဖျားကိုတစ်လစ်ထုပ်
လူရုပ်တောင်မပေါ်
နှုတ်ခမ်းနှစ်ဖက်ကို
လေဖြန်းထားသလိုပ
တခဏမှာစွဲလမ်းသွားအောင်
ခပ်တည်တည်မဲ့ကာရွဲ့ လို့ 
ဒီဓါတ်ပုံစာဖွဲ့ လောက်တယ်
ပျိုမေရဲ့ ပုံ..
ယုံချင်ယုံ
မယုံချင်နေသပ
ဒီမောင်မှာ Likeကိုနိုပ်လို့ 
ရင်ထဲတထိတ်ထိတ်...
ကြိတ်မှိတ်ကာအူမြူး
ဒီလူရှူးခမျာမှာတော့
download ပါဆွဲ....

မိုးသူ(တောင်ကြီး)
10 February 2012/Friday
06:01/Pm

4 comments:

ချစ်စံအိမ် said...

မိုက်တယ် ကဗျာက တော်ပါပေတယ်
အားပေးခဲ့ပါကြောင်း

လွင်ပြင်လှိုင်းငယ် said...

ကောင်းလိုက်တဲ့ ကဗျာ

စံပယ်ချို said...

ကောင်းတယ်မိုးသူရေ
ခုဖြစ်ပျက်နေတာနဲ့လဲညီတယ်

ဘိုဖြူ said...

ရေးထားတာတွေအမှန်တွေပါလား ကဗျာအဖြစ်ဖတ်တီးထားပုံလေးလှတယ်ဗျာ

Post a Comment