မစိမ်းတော့သော.....အချစ်.....


အိုးးးးးးးး နစ်မြုတ်သွားရတယ်
နင့်ရဲ့ သမရိုးကျအလှမှာပဲပေါ့
ရင်ခုန်ရလွန်းတယ်...ကွဲ့ 
ဒီနေ့ .....
ညနေခင်းတွေအပန်းရောင်သန်းနေတယ်နော်
ရမ်းယောင်လို့ ရင်ထဲမှာတဒိတ်ဒိတ်
အတွင်းစိတ်ထဲမှာလဲတရိပ်ရိပ်နဲ့ 
အရာရာတိုင်းဖြူစင်ရိုးသားလွန်းတယ်
ယူငင်ကာတွယ်ရစ်..ဒါအချစ်စစ်လားတဲ့ ....

လောကကြီးခဏရပ်တန့် သွားသလို
ငါ့ရဲ့ မိုးကောင်းကင်ကြီးရှက်သွေးတွေဖြာနေလိုက်တာ
အသက်သွေးတွေတောင်ပြောင်းပြန်စီးဆင်းနေသလားလို့ 
ရင်းနှီးတဲ့ ရင်ခုန်သံတွေလဲစုံမှတ်တခုစီသို့ 
သံစဉ်ချိုချိုလေးတွေနဲ့ ချီတက်နေကျလေရဲ့ 



မုတ်သုံမိုးတွေအောင်မြင်စွာပဲဆုတ်ခွါနေပြီလေ
မှိုင်းညို့ တဲ့ လွင်ပြင်တွေကွယ်ပြောက်ပေးပါတော့
ဆန်းကြယ်တဲ့အရပ်ကိုဦးတည်လို့ 
ထူးဆန်းတဲ့ နယ်မြေသစ်ဆီသို့ 
ငါရောက်ရှိခဲ့ ပြီကွယ်....
ဥပေက္ခာတွေနဲ့ ကြိုဆိုခြင်းမပြုရ ....
လစ်လျူရှုမှုတွေ ချမကျွေးရ ...
မသိကြိုးနွံပြုမှုတွေနဲ့ စီးကြိုခြင်းမပြုရ.....

ကြိုတင်ကာအကြောင်းကြားခဲ့ ပါရဲ့ 
ဆိုချင်တာတွေခေါင်းထဲမှာအစီအရီဖွဲ့ လို့ 
ဒီတသက်သံယောဇဉ်တွေပုံအပ်ကာ
ယုံမှတ်ပါ့မယ်....ထွေးပွေ့ ကြိုလှည့်....

မိုးသူ(တောင်ကြီး)
08 February 2012/Wednesday
05:36/PM

သက်ဆိုင်သူတဦးဆီသို့ ....

3 comments:

စံပယ်ချို said...

သက်ဆိုင်သူတဦးဆီသို့ ....------------------
အဲထှာ ဘူလေးလဲ ပြောပြ

ဘိုဖြူ said...

ဒီတသက် သံယောဇဉ်တွေပုံအပ်ကာ
ယုံမှတ်ပါ့မယ်-----အဲတာကတော့
ချစ်တတ်သူတိုင်းပဲဗျာ
ကဗျာတွေကိုမိုးသူကြိုက်သလိုအသုံးပြုနိုင်ပါတယ်
လင့်ချိပ်ရင်လဲချိပ်ပါဗျာ
ကျွန်တော်တောင်ကြီးကပါပဲ

ချစ်စံအိမ် said...

စာသားတွေလန်းတယ်ကွယ်
အားပေးခဲ့ပါတယ်

Post a Comment