သံသရာလမ်းဆုံ....မှ..


ငါ့ရဲ့ အနာဂါတ်တွေ

ခါတိုင်းထက်ဖျော့တော့နေခဲ့တယ်

ကောင်းကင်ကိုမော့ကြည့်တော့လဲ

အုံ့ မှိုင်းမှိုင်းနဲ့ ...အတွေးတွေကပါ

တုံ့ စိုင်းစိုင်းဖြစ်နေလေရဲ့ 

ဘယ်မှာတဲ့ လဲ ငါ့အတွက်

အချိုးညီ..နိယာမတရား

အမိအရကိုဖက်တွယ်ထားတဲ့ အတ္တတွေ

ရင်ဘတ်ထဲကနိုက်ထုပ်လိုက်တဲ့အချိန်

သိက္ခာတောင်ပြန်မပါလာခဲ့ဘူး......

သြကာဿလောကကြီးမှာ

ငါဟာရာဇ၀င်အရိုင်းကောင်ကြီးမဖြစ်ပါရစေနဲ့ 

ထင်ရာစိုင်းတတ်လွန်းတဲ့ စိတ်ဟာ

တဆိပ်ကိုတအိတ်လုပ်တတ်တဲ့ရေပေါ်ဆီတွေကြားမှာ

 နွားလားဥဿဖပဲဖြစ်ချင်ခဲ့တယ်


သဘောတရားဆိုတာပညက်ထားတာပါ

ဖြစ်ခြင်းပျက်ခြင်းနှစ်ခုကြားမှာ

ဘောင်မ၀င်..၀င်အောင်ကျုံးသွင်း

နှလုံးသွင်းမှန်တတ်ဖို့ အရေး

ခြံခတ်ပြီး သတ်မှတ်ချက်တွေတသီတတန်းနဲ့ 

ပုံစံခွက်ထဲလောင်းခံထား ဖယောင်းတုံးလို

ဘ၀ဟာပျော့တွဲတွဲလဲ နိုင်ခဲ့ တယ်


တခါတလေလွတ်မြောက်ချင်တယ်

တခါတလေလွတ်ထွက်ချင်တယ်

တခါတလေလူတွေမမြင်နိုင်လောက်တဲ့ 

ပရမံအနုမြူမှုန်လေးတမှုန်ဖြစ်ချင်တယ်

စင်္ကြာဝဠာကြီးထဲက အစက်အပြောက်လေးတခုဖြစ်ပါရစေ...

ခမ်းနားတဲ့စီးချင်းထိုးမှုတွေက

အူဝဲဆိုတဲ့ ဘ၀ကတည်းကစခဲ့လို့ လား.

လူပဲကွယ်တဲ့....ခပ်ကျွဲမှန်ရင်ဂျိုချက်ဘယ်ကင်းပါ့မလဲ

သူရဲကောင်းမှန်ရင် ဒဏ်ရာဒဏ်ချက်တော့ရှိစမြဲပေါ့

လူမှန်ရင် အပြစ်အနာအဆာတွေရောပြွန်းနေမှာသေချာပါတယ်


အနောက်ဖက်ကိုနေ၀င်ခဲ့တာလဲ

ရာစုနှစ်တွေအလီလီချီခဲ့ ပြီ

ဒါကိုတောင်မှ.....

ဘ၀ဟာအစီအရီမဖြစ်ခဲ့သေးဘူး....


နောက်ကျခြင်းတွေကကြိမ်ကြိမ်

သစ္စာဖောက်ခံရတာလဲများခဲ့ပြီ

ဒါကိုတောင်မှ....

ဘ၀ကိုလက်စသပ်ဖို့ အဆင်သင့်မဖြစ်နိုင်ခဲ့ဘူး


ဒီလိုနဲ့ .....

နေ့ နဲ့ ညကိုဖလှယ်

အရွယ်မငယ်တဲ့ လူအန္ဓ

မှန်းမရတဲ့ မရဏနဲ့ ပေါင်းဖက်ဖို့ 

နှောင်းရက်တွေအတွက်စိတ်မော

သံသရာမှာလဲမျောအုံးတော့မှာမို့ 

ဇောခုနှစ်ကြိမ်ဘယ်တော့ကျမလဲစောင့်စားရင်း..........

မိုးသူ(တောင်ကြီး)
15 Feb 2012/Wednesday
08:50/AM

3 comments:

လွင်ပြင်လှိုင်းငယ် said...

ဒီလိုနဲ့ .....

နေ့ နဲ့ ညကိုဖလှယ်

အရွယ်မငယ်တဲ့ လူအန္ဓ

မှန်းမရတဲ့ မရဏနဲ့ ပေါင်းဖက်ဖို့ 

နှောင်းရက်တွေအတွက်စိတ်မော

သံသရာမှာလဲမျောအုံးတော့မှာမို့ 

ဇောခုနှစ်ကြိမ်ဘယ်တော့ကျမလဲစောင့်စားရင်း..........

ကောင်းလိုက်တာ

ချစ်စံအိမ် said...

မိုက်လယ်ကွယ် အားပေးသွားပါတယ်

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ဖယောင်းတောင်မှအေးခဲသွားရင်မာသွားပေမယ့်.. ထိချက်တိုင်းမှာဒဏ်ရာကကျန်နေဆဲပဲ ...

Post a Comment