မချစ်တတ်သူများ(သို့ )ချစ်သူမဲ့ နေ့ ...


အမလေး...ဟဲ့....
ရင်ထဲကအလွမ်းတွေ ဒရွတ်တိုက်နေပြီ
စွတ်စွဲမယ်များမတွေးလေနေဲ့ 
ကျွတ်ကျဲကာငါ့အသဲအေးဆေးသွားတယ်......

ဘာတဲ့ ....ဒီနေ့ ဗာလင်တိုင်းတဲ့ 
အချစ်မရှိလို့ မျက်ရည်ဝိုင်းမဲ့ ထဲ
နင်မပါလောက်ဘူးထင်ရဲ့ 
အပြင်အဆင်မဲ့ရင်ခွင်ကတော့
ကောင်းကင်အောက်မှာလင်ဆန်ရွေးနေတယ်......

ပြန်မမေးစမ်းနဲ့ အမှန်တွေးရင်
ကြံသကာတချပ်တောင်
နင့် ..မသဒ္ဒါဘူး ...
အညာဖွဲ့ တဲ့ စကား
တခါတခါမဲ့ ရွဲ့ စကား
လက်တလုံးခြားစကား
တသက်အပြုံးများမဲ့ ရအောင်
ဒီဆောင်းကို ခပ်လှောင်လှောင်နဲ့ ကျော်
အလျော်အစားလဲသိပ်မများခဲ့ပါဘု........

မညိုငြင်စမ်းပါနဲ့ 
လူပျိုတန်းဝင်တုန်းပါကွဲ့ 
နဂိုအရမ်းကြင်ခဲ့ပါရဲ့ နဲ့ 
ပစ်ထားခဲ့ သလားကွယ်
အစစ်ထားခဲ့ တဲ့  မေတ္တာတု
အခုလစ်ဟာနေတယ်
ချစ်တာတွေမပြောပြချင်ပါဘူး
စောဒကတွေကြားမှာ
ရောချလိုက်တဲ့ သံသယ
အဖန်ဘ၀အဆက်ဆက်
မျက်ရည်နဲ့ မျက်ခွက်
နောင်ရက်တွေမှာမဖြစ်ပါရစေနဲ့ တော့ ........

မိုးသူ(တောင်ကြီး)
14 Feb 2012/Tuesday
10:33/AM

For Valentine's Day

4 comments:

စံပယ်ချို said...

မိုးသူက စကားလုံးတွေရှာဖွေတာတော်တယ်
((မညိုငြင်စမ်းပါနဲ့ 
လူပျိုတန်းဝင်တုန်းပါကွဲ့ 
နဂိုအရမ်းကြင်ခဲ့ပါရဲ့ နဲ့ 
ပစ်ထားခဲ့ သလားကွယ်
အစစ်ထားခဲ့ တဲ့  မေတ္တာတု
အခုလစ်ဟာနေတယ်))ကြည့်လေ သုံးထားတာတွေ သူများနဲ့မထပ်ဘူး

ဘိုဖြူ said...

ကဗျာလေးကောင်းတယ်ဗျာ

ချစ်စံအိမ် said...

ကဗျာစာသားလန်းတယ်မိုးသူရေ
ပျော်ရွှင်သောချစ်သူများနေ့ဖြစ်ပါစေနော်

ပျိုးယုဝသုန် (Pyo Yu Wathone) said...

နဘေတွေနဲ့ဖွဲ့ထားတဲ့ ကဗျာလေး..

Post a Comment