ချစ်သူများနေ့ အားဂုဏ်ပြုခြင်း....


Saint Valentineရေ ခွင့်လွှတ်ပေးပါ

ဒီကဗျာကို...ငါရေးမိပြီ...

ဖေဖော်ဝါရီ ၁၄ ရက်က မင်းကို ဂုဏ်ပြုခြင်းလား

မင်းက ဖေဖော်ဝါရီ ၁၄ ရက်ကို ကိုယ်စားပြုလိုက်တာလား

ငါမသိ.. ငါတကယ်မသိခဲ့.....

ဈေးကွက်ထွင်ချဲ့ 

အိုဘယ့် လူတွင်ကျယ်ရေပေါ်ဆီတို့ 

ညီညာသတ်မှတ်ထိုရက်မြတ်ကို

ချစ်သူများနေ့ ....တွင်လေ့ရှိအောင်

ခပ်ပြောင်ပြောင်နှင့်မသမာလောဘ

အတောမသတ်ပဲ ဒီမိုကရေစီအကြောင်းပြ

ရောင်းမရတဲ့ (show) ရှိုးပွဲလက်မှတ်တွေနဲ့ 

ကံစမ်းမဲဖောက်...စကောလောက်မှဇောက်မနက်

ခွေးလောက်မှာအသိညဏ်မရှိ

ဘယ်သူသိသိမသိသိ ..ဘယ်သူထိထိမထိထိ

မိမိတို့ စီးပွားဖြစ်ဖို့ အရေး

အပြစ်ဖို့ ချင်သလောက်ဖို့ 

ကိုယ့်ဘို့ ကိုယ်ကြည့်တဲ့ နွား

အယားပြေမလားလို့ ပွားစီးရေးကိုတီထွင်

ပီပီပြင်ပြင်နဲ့ အစောတလျင်

နိုင်ငံ့ယဉ်ကျေးမှုကိုဖျက်သတဲ့......

ပြုမူရက်သည့်....အိုဘယ့်.... ဗာလင်တိုင်း....

ခပ်ရိုင်းရိုင်းတွေးကြည့်ပါ.....သာဂိရယ်

လာကြည့်လှည့်စမ်းကွာ

ငါတို့ ရွာမှာအဲဒီနေ့ အတွက်တည်းခိုခန်းမလောက်ဘူးတဲ့ 

ချော့ကလက်ခွံတွေ.. ပုတ်သင်ညိုအခွံတွေ

အသဲပုံစက္ကူအပဲ့အရွဲ့ တွေ

ဖြူဖြူစင်စင်ပန်းပွင့်လေးတွေ

လမ်းမထက်မှာကျဲပြန့် 

မပြဲမဆန့်  အတွေးတွေနဲ့ 

ဘေးတွေ့ မှာကိုမမျှော်မြင်

လော်မာချင်တဲ့ စရိုက်

ငါတို့ တိုင်းပြည်နဲ့ မလိုက်ဖက်ဘူး...

အဲဒီနေ့ က နှင်းဆီဆူးစူးခဲ့တဲ့ သူငယ်မတွေ

ခေါင်ညွှန့် ကျိုးခဲ့တဲ့ လူငယ်တွေ

ဘယ်လောက်တောင်များခဲ့ သလဲ

Saint Valentine ရေ အဲဒီအစားမင်းရင်နာမိမလားနော်

ငါကတော့မင်းကိုအားနာပါရဲ့

အဖ ...အောင်ဆန်းရေ...

ကောင်းကင်ကနေတချက်လောက်ကြည့်ပေးပါ

တိုင်းပြည်အနာဂတ်...ဘယ်သူ့ လက်အပ်ရမလဲပေါ့

မိုးသူ(တောင်ကြီး)
13 February 2012/Monday
09:45/Am

4 comments:

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ဟုတ်တယ်မိုးသူရေ..အဲဒီကြော်ညာမြင်တော့ဒင်းတို့ကိုသွားပြီးကိုထားဝယ်ကြိမ်နဲ့ရိုက်ချင်တာ..

ခင်တဲ့
မဝသုန်

စံပယ်ချို said...

တကယ်ကိုရင်လေးစရာတွေပါလား
နိုင်ငံခြားမှာတောင် ဒီလောက်မဆိုးဘူး

ချစ်စံအိမ် said...

ဟူးးးးးးးးးးးးးးးးးနာရင်မောတယ်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ဖတ်ပြီး တအားမောသွားတယ်။

လေးစားစွာဖြင့်
မြတ်

Post a Comment