အလွမ်းရင့်ရာသီ


အစမ်းသဘောနဲ့ 
ရမ်းပြောတယ်မထင်ပါနဲ့ 
သခင့်နှလုံးသား
အမုန်းမပွားပဲ
ဖြေးဖြေးလေး တွေးကြည့်ပေးပါ…
တိမ်တွေကို အရောင်ဆိုးမဲ့သူမရှိပါဘူး…
မှိန်နေတဲ့ အချစ်ကို အရောင်တင်ဖို့ 


ပြောင်စင်အောင်ခါထုတ်လို့ 
နောင်ကျဉ်အောင်များလုပ်လိုက်လေသလားကွဲ့ 
…..ကြင်လှဲ့ ပါနော်
အမြင်နဲ့ အထင်လွဲ
သခင်ရဲ့ စေရာ အကျွန်ရောက်ခဲ့ဘီလေ
ပြန်ပြောရင်အသဲဒေါင့်တစ်နေရာမှာ
 သံယောဇဉ်အညောင့်ပေါက်ခါစပဲရှိသေးသမို့ ..
ရင်လေးမိတယ်ကွယ်
သခင်ပြေးကြည့်စရာမလိုပါဘု
သေချာအောင် ချည်နှောင် ပတ်ရစ်
အကျွန့် အချစ် မလစ်ဟင်းအောင်
ရင်တွင်းဖြစ်လေးပြောပြချင်တယ်
ဖြူစင်တာ လူအမြင်ပါဘု
ချစ်တာကို အနှစ်တရာမကပြသ
အစမှာ..ဟုတ်တော့မလိုလိုနဲ့ 
သမုဒယချိုချိုကို
ပိုမိုကာမှီဝဲ
ဒီသဲဒဏ်ရာ ပိုပိုစူးနစ်
အကျွန် အရူးဖြစ်တာ
သခင်သိစေဟု
မရည်ညွှန်းခဲ့
အခုခဏမှာတော့……
တစ်သက်စာ…..
……………………
……………………
အလွမ်းတွေရင့်…..
အလွမ်းတွေရင့်……..
အလွမ်းတွေရင့်…………

စစ်စစ်(ခ)မိုးသူ(တောင်ကြီး)
19 Sep 2011
03:03PM

No comments:

Post a Comment