ခေါင်းစဉ်မရှိခဲ့သော စာအတိုများ(၁)

ခေါင်းစဉ်မရှိခဲ့သော စာအတိုများ(၁)

(၁)
ချစ်သူအပြုံး

အလှဆုံး

မမုန်းကမ္ဘာတည်သ၍

(၂)
ကဗျာတို့ ၏စီးဆင်းရာ၌

အကျွန်မြစ်တစင်းဖြစ်၏

သူမ..လစ်လျူရှုရာအရပ်တွင်

အကျွန်အချစ်တည်တံ့၏


(၃)
မြူနှင်းတွေစိုင်း

အုံမှိုင်းမှိုင်းနဲ့ 

မတုန့် မဆိုင်းပြောမယ်

သိပ်ချစ်တယ်...

(၄)
တွယ်ငင်ရာယိမ်းပါနဲ့ 

နွယ်တပင်လို စိမ်းလာတဲ့ 

ရင်ထဲက.. ငြိမ်း...

(၅)
အအေးမပတ်ပေမဲ့

လေသလှပ်မှာဆိုးပါလို့ 

စောင်နှစ်ထပ်ကိုလုံအောင်ခြုံ

ထေးထပ်ကိုကုန်အောင်ဆိုပြီး

ခိုငြီးသလိုသာငြီးလိုက်ချင်ပါတဲ့

တောင်ကြီးရဲ့ ဆောင်း

(၆)
အော်ရီဂျင်နယ်မဟုတ်ပေမယ့်

ပျော်ချင်ရင်တော့လာ

ဒါပေမယ့်....

အချစ်အကြောင်းမပြောကြေး....

(၇)
မျက်တွင်းဟောက်ပက်

အရက်ခွက်အား

ဆက်လက်သစ္စာရှိပါမည်

(၈)
အသဲတခြမ်းမရှိတော့ပေမဲ့

ဆွဲနမ်းလို့ တော့ရပါသေးတယ်

ပွဲကြမ်းတယ်လို မထင်နဲ့ 

မခွဲတမ်းလဲချစ်တယ်

(၉)
ဆောင်းလေပြေနဲ့ အတူ

အညောင်းတွေလဲဖြေကြမယ်

လာဟေ့....့ချီတက်ကျစို့ 

မာဆပ်သို့ .......

(၁၀)
ပြောင်းပြန်ပြောပြီး

တောင်းပန်တယ်တဲ့

မောင်းပြန်သေနပ်သာရှိကြည့်

နင့်.....ထိအောင်ပစ်တယ်..

မိုးသူ(တောင်ကြီး)

⋱ ⋮ ⋰
⋯ ◯ ⋯¨. ︵ .
¨︵¸︵( ░░ )︵
(´░░░░░░ ') ░░░' )
`´︶´¯`︶´`︶´
╔═══════════◄░ ❀░►════════════╗
✿❉✿~ ✿✿FOR ALL BEST FRIENDS✿✿~✿❉✿
╚═══════════◄░ ❀░►════════════╝

•♥•°*”˜¯`´¯•♥•°*”˜¯`´¯•♥•°*”˜¯`•♥•°*”˜¯`•♥•°*”˜¯`´¯•♥•

No comments:

Post a Comment