ဆေးရောင်ပြောင်းလိုက်တဲ့အတ္တများ...
စိမ်းရွှင်ရွှင်ရနံ့ တွေပက်ဖြန်းခံလိုက်ရတဲ့
အတိတ်အချို့ ပေါ့ ....မစို့ မပို့ နဲ့ 
ကိုယ့် ခါးပုံစကိုယ်တောင်မနိုင်မှန်း
သေသေချာချာမသိလိုက်မိဘူးထင်ပါရဲ့ 
မရေရာတဲ့ ပစ္စုန်ပန်တွေရဲ့ ခါးသီးမှုတွေနဲ့ အတူ
မျက်လုံးကိုစုံမှိတ်တစိမ့်စိမ့်နဲ့ 
ကြိတ်မှိတ်ပြီးမျိုမျိုချနေရတယ်
ဒီတခါတော့..နောက်ကြဉ်သွားပြီ
ဘောင်အပြင်မရောက်ရောက်အောင်
တွန်းထိုးလိုက်တဲ့ လောကရဲ့ ညီမျှခြင်း
တခါမှမငြင်းဖူးတဲ့ သက်ပြင်းတွေနဲ့ 
ခိုငြီးသလိုပဲငြီးလိုက်ပါတယ်...
ပြီးပြီးပြောက်ပြောက်ရယ်လို့ သဘောမထားပါနဲ့ 
နှစ်ဆယ့်လေးနာရီမှာမှတကြိမ်ဖြစ်တဲ့ 
နေ့ နဲ့ ညလို ပေါ့..
ဒေါင်လိုက်လဲ မဟုတ်
အလျားလိုက်လဲမဟုတ်
တြိရန်းမဟုတ်စတုရန်းမဟုတ်
လေးဒေါင့်မဟုတ် ဘေးအဖြောင့်မဟုတ်
တလိုင်းထပ်ဆွဲစရာမလိုအောင်
သင်္ချာညီမျှခြင်းတွေထက်ပိုပြီးမှန်ကန်ခဲ့တယ်
အဲဒါက....အ၀ိုင်းပတ်ပုံပေါ့
ဘ၀ဟာနောက်မြီးတပိုင်းပြတ်အိမ်မြှောင်လို
တွန့် လိမ်ကောက်ကွေး
ကံကြမ္မာဆိုတဲ့ မလောက်လေးမလောက်စားကောင်က
သံသရာအထပ်ထပ်ရစ်ပတ်ဖူးတဲ့ ကြိုးလို
အညိုးကြီးစွာကလဲ့စားလိုက်ချေနေသတဲ့
့
ငိုက်နေတဲ့ အတ္တတွေကို အဖော်လုပ်
သီအိုရီတွေလဲတခုချင်းထုပ်ခဲ့ ဖူးတယ်
ဒါနဲ့များကွယ်
ဓမ္မပါလတရားတွေပြင်းပြတဲ့ အချိန်
အိမ်အပြန်ခေါက်ဆွဲထုပ်တွက်မငြင်းနိုင်ခဲ့ပါဘူးကွယ်
အရှုပ်အရှင်းကင်းတဲ့ စာရိတ္တတွေ
အညော်နံ့ တသင်းသင်းနဲ့ သတင်းလဲမွှေးခဲ့တာပ
အဲဒါတွေကြောင့်ထင်ပါရဲ့ 
လောကကြီးက ဟားတိုက်ရင်းရယ်သတဲ့ 
ကျားကိုက်ခဲ့တာမဟုတ်ဘူးနော်
ထားလိုက်ပါသူ့ အကြောင်းနဲ့ သူမို့ 
အခုစောင်းပြောတာလဲမဟုတ်ခဲ့
နှောင်းမှရတဲ့ နောင်တတွေနဲ့ 
မဖြေရှင်းတော့ပါဘူးလေ
အသေငြင်းတတ်တဲ့စရိုက်နဲ့ 
သူ့ အကြိုက်ဆောင် ကိုယ့်အကြိုက်လိုက်နဲ့ 
ညာညာစားနေတဲ့ လူလိမ်မာတွေကြား
တခါတခါများ ခါးနာနေသတဲ့ လေ
အားနာနာနဲ့ပြောတဲ့စကား
တလုပ်စားဖူးသူ့ ကျေးဇူးတဲ့
စကားပုံစာအုပ်လဲ ချစားနေခဲ့တာကြာလှပေါ့
သိပ်ပြီးတော့ အထာကျပါတယ်
ဒီလိုနဲ့ ဘ၀တွေဟာလဲ
မသိမသာနဲ့ ထက်ပိုင်းကျိုး
အသက်အပိုင်းအခြားကစကားပြော
အခြားရောဂါတွေမ၀င်ခင်ထိ
ပြင်ဆင်ချိန်အတိအကျတော့
ရယူလိုက်ချင်ပါသေးရဲ့ .....
မိုးသူ(တောင်ကြီး)
20 January 2012/Friday
04:05/Pm
Subscribe to:
Post Comments (Atom)
No comments:
Post a Comment