အထီးကျန်မဲ့ အရပ်ဆီသို့ ပျံသန်းခြင်း
ရိုင်းစိုင်းတဲ့ ဒေါသတွေနဲ့ 
ငါ့ ပစ္စုပန်တွေကို လှီးချွတ်နေလိုက်တယ်
ညီညီညာညာခုတ်ထစ်ထားတဲ့ 
အတ္တတွေ ကနွေးထွေးနေဆဲပေါ့
မျက်စောင်းထိုးသံတွေနဲ့ အတူ
ရွဲ့ စောင်းတတ်တဲ့ အကျင့်က
ငါ ရဲ့ အနာဂတ်ထဲ
လာလာပြီးစီးမျောချင်နေသေးတယ်
တခါတလေများ အတိတ်ပူပူလေးထဲမှာ
အတွေးတွေနဲ့ အလေလိုက်
တနေ့ သုံးခါဖောက်ပြန်တတ်တဲ့ စိတ်ကို
တိတ်တိတ်လေးဆေးရောင်တွေသွင်း
ပီကာဆိုရဲ့ အပြုံးအရှုံးပေးရလောက်တဲ့ထိပေါ့
ညလေးရေ.....
.....ရင်ထဲမှာ... ကြက်သရေမရှိတဲ့ .... အလွမ်းတွေက
လောင်မြိုက်ခြင်းတွေနဲ့အတူ..နပန်းသတ်ပွဲကျင်းပနေကြတယ်
အဲဒီမှာ ပန်းတွေမပွင့်လို့ နင်မလာခဲ့ နဲ့ နော်
ငါပြန်လာရင် နင့်အတွက်ကြယ်စင်တခက်ခူးလာခဲ့ မယ်လေ
လမင်းကြီးကတော့ ဟားတိုက်ရယ်ချင်ရယ်နေမှာပေါ့
မာနတွေလဲ ချုပ်ရိုးတွေကျဲကုန်ဘီကွယ်...
ကျေးဇူးပြုပြီး..လျော့ရဲရဲဆက်ဆံမှုတွေနဲ့ 
စိုက်စိုက်ပြီးမကြည့်ပါနဲ့ နော်
နင့်ရဲ့ နှုတ်ခမ်းတွေကိုကြက်သီးထလို့ ပါ
တကယ်တော့....ငါဟာဘယ်တုန်းကမှ
အခါးမကြိုက်ခဲ့တဲ့ပိတုန်းလေးတကောင်ပါ
ထားလိုက်ပါတော့.......့ညလေးရယ်......
ထားချင်လဲထားခဲ့ပါတော့............
အိနြေ္ဒရှိတဲ့ နင့်ရင်ဘတ်ထဲက အသိုင်းဝိုင်းမှာ
မ၀င်ဆန့် နိုင်ခဲ့ တဲ့ ဂျစ်ပဆီလုံးလုံးဖြစ်နေခဲ့တာပါ
မျှော်လင့်ချက်တွေလဲ ခေါက်သိမ်းလိုက်ပြီနော်
ဆရာကြီးတာရာမင်းဝေကပြောခဲ့ ဖူးတယ်
.......ဂမ္ဘီရ သစ်ပင်မှာမှ
စွယ်တော်ပွင့်အိုရှာချင်တဲ့ လက်
ကားစင်တင်ပြီး မီးရှို့ သတ်မယ် ....တဲ့ လေ
ကြောက်လိုက်တာကွယ်....
ပါးမို့ မို့ လေးရှိရာ
နှုတ်ခမ်းဖူးဖူးလေးရှိရာ
မျက်ဝန်းညို ညိုလေးရှိရာ....အရပ်ကို
ငါဘယ်တော့မှလဲခြေဦးမလှည့်ရဲတော့ပါဘူး
ဝိညာဉ်တွေကိုသော့ခပ်ပိတ်လှောင်
သက်ပြင်းတွေကိုအမှောင်ချ
တမ်းတခြင်းတွေနဲ့ အစားထိုး
အလွမ်းတွေကိုအရည်ဖျော်
ငါတယောက်ထဲပျော်ဝင်နေလိုက်ပါတော့မယ်......
မိုးသူ(တောင်ကြီး)
28December2011/WED
09:58/AM
တောင်ကြီးမြို့ ရဲ့ နှင်းမိုးတွေနဲ့ အတူ
မျက်ဝန်းမှာလဲ အုံ့ မှိုင်းနေတယ်......
♥♥ ထားခဲ့တာမဟုတ်ဘူးနော် ♥♥
♥♥ နေခဲ့ လိုက်တာပါ .......
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ Lonely Heart
Subscribe to:
Post Comments (Atom)

No comments:
Post a Comment