အဖေ.....


ဘ၀လှိုင်းတံပိုးတွေထန်တဲ့
ကာလတွေဖြတ်သန်းတဲ့အခါ
ယိမ်းယိုင်လို့ မသွားစေဖို့ 
စိတ်ဓါတ်ခွန်အားတွေကို
အဖေဟာအမွေအဖြစ်ပေးခဲ့တယ် ။

ထိတ်လန့် စရာတွေကြုံတတ်တဲ့
မာယာများတဲ့ လောကအလယ်မှာ
မဟာတံတိုင်းကြီးလိုရှေ့ ဆုံးက
ခုခံတိုက်ခိုက်ခဲ့ပြီးမားမတ်စွာနဲ့ 
အဖေသာလျှင်ရပ်တည်ပေးခဲ့တယ် ။

စားဝတ်နေရေးမပူရအောင်တဖုံ
အသိအလိမ္မာတွေတိုးအောင်တမျိုး
မပြတ်ဒရစပ်သွန်သင်လို့ 
ကိုယ်ပိုင်ယုံကြည်မှုရှိအောင်
အဖေကိုယ်တိုင်ဆုံးမပဲ့ပြင်ပေးခဲ့တယ်။

တခါတလေများ
အောင်မြင်မှုတွေနဲ့ ကြုံရင်
ဆုတံဆိပ်တွေကိုဝမ်းသာအားရပြလို့ 
အရည်လဲ့နေတဲ့ အဖေ့မျက်ဝန်းအိမ်ထဲက
ပီတိတွေကိုကျွန်တော် ချဉ်ခြင်းတက်မိတယ်....အဖေ
ပြီးတော့...ဒါမှ....ငါ့သားကွ.....ဆိုတဲ့
ကမ္ဘာမြေကြီးတုန်ဟီးသွားမယ့်
ကျူံးဝါးသံတွေကိုတောင့်တမိတယ် ..အဖေ။

ကျွန်တော်ကျရှုံးခဲ့တဲ့အဖြစ်တွေနဲ့ ကြုံရင်
နှုတ်နည်းလွန်းတဲ့ အဖေ့ရင်ထဲက၀မ်းနည်းသံတွေနဲ့ 
နူးညံ့စွာနှစ်သိမ့်အားပေးဖူးခဲ့တဲ့
"မင်းကလဲကွာယောင်္ကျားပဲဘာဖြစ်လဲ" ဆိုတဲ့
ချိုမြိန်လွန်းလှစကား
ကျွန်တော့ခွန်အားတွေဖြစ်ခဲ့တယ် ...အဖေ။

အဖေ....ရယ်
ကျွန်တော်လူလားမြောက်ခဲ့ပြီ
အဖေရဲ့ အားပေးတဲ့အသံ
အဖေရဲ့ ကာကွယ်ပေးခဲ့တဲ့အားမာန်တွေ
အဖေရဲ့ ဆုံးမခဲ့တဲ့ဟန်ပန်တွေ
အခုထိတိုင်အသွေးအသားထဲမှာလှည့်လည်လို့ နေပါသေးတယ်
ဘ၀သံသရာထဲမှာကျင်လည်ရအုံးမယ့်
အဖေ့ရဲ့ သားဟာ
ခွန်အားတွေတင်းလို့ 
မာန်စွယ်တွေတဖွေးဖွေးနဲ့ ကြောက်မက်ဖွယ်
ဘ၀တိုက်ပွဲကိုဆက်လက်ဆင်နွှဲရအုံးမယ် ...အဖေ။    ။

14 December 2007တွင်ဆုံးပါးသွားခဲ့သော
မိုးသူ(တောင်ကြီး)၏ ချစ်ရပါသော ဖေဖေ.... သို့ 
ကောင်းကင်ဘုံမှ ဒီကဗျာလေးကိုဖတ်ရှုပေးပါ ဖေဖေရယ်.....

12 August 2012/Sunday
01:04/PM

8 comments:

  1. အားပေးသွားပါတယ်...

    ReplyDelete
  2. မရှိတော့တဲ့ ဖေဖေကိုသတိရနေမိတယ် မဂျီးဖေဖေ ၈တန်းနှစ်မှာဆုံးခဲ့တာလေ
    ဖေဖေဆုံးမှ မေမေနဲ့နေရတာ
    မေမေကိုချစ်သလို ဖေဖေကိုလဲ အရမ်းချစ်တယ်

    ReplyDelete
  3. အဖေအကြောင်းရေး ထားတာ ကိုခံစားသွားတယ်နော်
    ဖတ်ရင်းနဲ့ တောင် ကျွန်တော်လည်း မရှိတော့တဲ့ အဖေကိုတမ်းတ
    မိတယ် :(
    ကဗျာလေးကိုအားပေးသွားတယ်နော် :(

    ReplyDelete
  4. ကဗျာလေးကိုခံစားရင်း အဖေကိုလွမ်းလိုက်တာ

    ReplyDelete
  5. ထိတ်လန့် စရာတွေကြုံတတ်တဲ့
    မာယာများတဲ့ လောကအလယ်မှာ
    မဟာတံတိုင်းကြီးလိုရှေ့ ဆုံးက
    ခုခံတိုက်ခိုက်ခဲ့ပြီးမားမတ်စွာနဲ့ 
    အဖေသာလျှင်ရပ်တည်ပေးခဲ့တယ်
    ကဗျာလေးဖတ်ပြီးဖေ့ဖေ့ကိုတောင်
    ပိုပြီးသတိရသွားတယ်

    ReplyDelete
  6. မိုးသူရေ။

    အလွမ်း နက်ပြသနာကြောင့် ခြေရာပျောက်နေတယ်။
    ခုတော့ အဖေ့ကဗျာလေး အရောက်လာဖတ်သွားတယ်။
    တကယ်ကောင်းတဲ့ ခံစားမှု့ ကဗျာလေးပါဘဲ။
    အားပေးသွားတယ်နော်။
    ဖတ်ပြီး စိတ်လည်း မကောင်းဖြစ်သွားတယ်။

    ReplyDelete
  7. စိတ်မကောင်းလိုက်တာ :(

    ReplyDelete
  8. ကောင်းတယ် ကြိုက်တယ် ကူးယူသုံးခွင့်ပြုပါ

    ReplyDelete