စိတ် ရိုင်း



အဆင်းမရှိတဲ့
အတွင်းသန္တာန်တွေ
အရောင်တောက်လာတဲ့အခါ
လောကကြီးကို
ကျေးဇူးကန်းချင်လာတယ်
လာဟေ့ .... တဏှာလွင်ပြင်မှာ
အပေးအယူတခုခု
လုပ်ကြရအောင်
ဂတိတော့တည်ပါစေ
အသဲနုတဲ့မြေခွေးတွေ
ဒီပွဲမှာမင်းတို့ ကို
လုံးဝ(လုံးဝ)လက်မခံဘူး ။

မိုးသူ(တောင်ကြီး)
29 June 2012/Friday/05:00/PM

2 comments:

  1. စစချင်းစကားလုံးတွေက ဖတ်သူရဲ့ စိတ်ကိုဆွဲခေါ်လိုက်တာပြီးတဲ့အထိပါပဲ

    အဆင်းမရှိတဲ့
    အတွင်းသန္တာန်တွေ
    အရောင်တောက်လာတဲ့အခါ
    လောကကြီးကို
    ကျေးဇူးကန်းချင်လာတယ်-------
    တကယ်ကိုကောင်းတယ်မိုးသူရေ
    ဆက်လက်ကျိုးစားနော်

    ReplyDelete
  2. မာန်ပါနေတယ် မှန်တယ်ဆိုရင် လုပ်ကိုလုပ်မယ်တဲ့
    စကားပြောနေတယ် ကဗျာလေးက

    ReplyDelete