အမျိုးအမည်မသိသော...တမ်းတခြင်း...



ပြွတ်သိပ်နေတဲ့သတိရခြင်းတွေနဲ့ 
ငါ့ရဲ့ မျက်စိနှစ်လုံးကိုဒီနံနက်ခင်းလေးအတွက်
အသာအယာဖွင့်လှစ်လိုက်တယ် ။

နှလုံးသံတချက်ခုန်လိုက်တိုင်း
နင့်ကိုလွမ်းဆွတ်မှုတွေ နဲ့ 
လွတ်ကင်းသွားတယ်လို့ မရှိခဲ့ပါဘူး ။

ဟာတာတာဖြစ်နေတဲ့နှလုံးအိမ်ဟာ
နင့်ကိုဆုံးရှုံးသွားပြီဆိုတဲ့အသိနဲ့ 
စူးစူးနင့်နင့်အောင့်လို့ နေခဲ့တယ် ။


ဝမ်းနည်းမှုတွေမွှန်ထူနေတဲ့မျက်ဝန်းအိမ်မှာ
ငါ့ရဲ့ စိတ်ဆန္ဒတစိုးတစိမျှမပါပဲ
မျက်ရည်တွေလဲဝေ့၀ဲလို့ နေတယ် ။

ခါးသီးလွန်းတဲ့နင့်ရဲ့ ဥပေက္ခာပြုမှုတွေဟာ
ပူလောင်လွန်းတဲ့စကားလုံးတွေနဲ့ အတူ
ငါ့ရဲ့ မြတ်နိုးခြင်းသမုဒယတွေကိုလောင်မြိုက်ခဲ့ပြီးပြီ ။

နင်ကျေနပ်တယ်မလား..ချစ်သူရေ.......

ငါလေ....ကမ္ဘာအစွန်ဆုံးတခြမ်းကို
အရောက်သွားပြီး ဘယ်သူမှမသိအောင်
ရှိုက်ကြီးတငင်နဲ့ ငိုချလိုက်ချင်တယ် ။


ငါ့ရဲ့ ညတွေဟာအမြဲလိုလိုမိုးသည်းထန်နေခဲ့တယ်
ငါ့ရဲ့ ခေါင်းအုံးလေးဟာလဲအမြဲလိုလိုစိုစွတ်နေခဲ့တယ်
ငါ့ရဲ့  အခန်းထဲကအမြဲလိုလိုမှောင်နေတဲ့ ဂျောင်တခုမှာလဲ
နင့်ကိုသတိရခြင်းတွေနဲ့ အတူငါဟာငြိမ်ငြိမ်လေးထိုင်နေတတ်ခဲ့တယ် ။

အခုဆိုရင်....ငါ့ရဲ့ ...
အခန်းလေးထဲမှာသီချင်းသံတွေတိတ်ဆိတ်လို့ လဲနေခဲ့ပြီ
ရေးလက်စကဗျာတချို့ ဟာလဲမျက်ရည်တွေကြားထဲမှာမျောနေခဲ့ပြီ
နင်နဲ့ ပတ်သက်နေချင်တဲ့ ငါ့ရဲ့ ဒိုင်ယာရီစာအုပ်လေးဟာ
မီးတောက်တွေကြားထဲမှာငိုကြွေးလို့ ငါ့ကိုတောင်းပန်လို့ နေရှာတယ် ။   ။

မိုးသူ(တောင်ကြီး)
18 July 2012/Wednesday
09:01/AM

5 comments:

  1. အခန်းလေးထဲမှာသီချင်းသံတွေတိတ်ဆိတ်လို့ လဲနေခဲ့ပြီ
    ရေးလက်စကဗျာတချို့ ဟာလဲမျက်ရည်တွေကြားထဲမှာမျောနေခဲ့ပြီ
    နင်နဲ့ ပတ်သက်နေချင်တဲ့ ငါ့ရဲ့ ဒိုင်ယာရီစာအုပ်လေးဟာ
    မီးတောက်တွေကြားထဲမှာငိုကြွေးလို့ ငါ့ကိုတောင်းပန်လို့ နေရှာတယ်----
    ဟင်းဟင်း----နဲနဲတော့တိုက်ဆိုင်နေသလိုပါပဲမိုးသူရေ

    ReplyDelete
  2. ခါးသီးလွန်းတဲ့နင့်ရဲ့ ဥပေက္ခာပြုမှုတွေဟာ
    ပူလောင်လွန်းတဲ့စကားလုံးတွေနဲ့ အတူ
    ငါ့ရဲ့ မြတ်နိုးခြင်းသမုဒယတွေကိုလောင်မြိုက်ခဲ့ပြီးပြီ ။

    ခံစားသွားတယ် မိုးသူရေ

    ReplyDelete
  3. ငါလေ....ကမ္ဘာအစွန်ဆုံးတခြမ်းကို
    အရောက်သွားပြီး ဘယ်သူမှမသိအောင်
    ရှိုက်ကြီးတငင်နဲ့ ငိုချလိုက်ချင်တယ် ။

    ReplyDelete
  4. ဟာတာတာဖြစ်နေတဲ့နှလုံးအိမ်ဟာ
    နင့်ကိုဆုံးရှုံးသွားပြီဆိုတဲ့အသိနဲ့ 
    စူးစူးနင့်နင့်အောင့်လို့ နေခဲ့တယ် ။
    အာေးပးသွားပါတယ်နော်

    ReplyDelete
  5. ကဗျာလေးကိုဖတ်ရတာ ရေးထားတဲ့ သူက တော်တော်ခံစားချက်ပျင်းမဲ့ပုံပဲ
    စာသားတွေကလည်း အရမ်းကောင်းတယ်
    "ငါ့ရဲ့ ညတွေဟာအမြဲလိုလိုမိုးသည်းထန်နေခဲ့တယ်
    ငါ့ရဲ့ ခေါင်းအုံးလေးဟာလဲအမြဲလိုလိုစိုစွတ်နေခဲ့တယ်
    ငါ့ရဲ့  အခန်းထဲကအမြဲလိုလိုမှောင်နေတဲ့ ဂျောင်တခုမှာလဲ
    နင့်ကိုသတိရခြင်းတွေနဲ့ အတူငါဟာငြိမ်ငြိမ်လေးထိုင်နေတတ်ခဲ့တယ် ။"
    သည်အပိုဒ်လေးကိုအကြိုက်ဆုံးပဲ ... ^_^
    လာအားပေးသွားတယ်နော် ...

    ReplyDelete