ဂျူလိုင် (၁၉)




ဝဿန်မိုးဖွဲ၏
အလံမျိုးမလဲ
ဒို့ ဇွဲဒို့ မာန်
နှုတ်လှန်ကာမပြောနှင့်
ဟုတ်မှန်စွာအသက်ပေးတာ
ဒို့ သွေးဇာနည်
အလီလီဦးခိုက်
ဂုဏ်ပြုထိုက်၏ ။  

ဂျူလိုင်တဆယ့်ကိုး
မျက်ရည်မိုးတွေသွန်း
တောက်ထွန်းတဲ့ငွေကြယ်ဖြူတို့ 
သွေးစွန်းတဲ့နေ့ 
မေ့နိုင်ပါဒီတသက်
ဂုဏ်ပြုလျှက်ပဲ ။  ။

မိုးသူ(တောင်ကြီး)
19 July 2012/Thursday
06:58/AM

6 comments:

  1. ထပ်တူဂုဏ်ပြုသွားပါတယ်

    ReplyDelete
  2. အမြဲတမ်းဂုဏ်ပြုလျက်ပါ

    ReplyDelete
  3. မိုးသူကဲ့သို့ မရေးတတ်ပေမယ့်
    မိုးသူနဲ့ ထပ်တူထပ်မျှ ခံစားခဲ့တယ်
    တိုက်တိုက်ဆိုင်ဆိုင် အိမ်မှာလဲ ကိုလွင်ပြင်ကပဲပြုတ် လုပ်ထားတယ်

    ReplyDelete
  4. အာဇာနည်နေ့အထိမ်းအမှတ် ကဗျာလေးကို မြတ် ဖတ်ရှုခံစားသွားပါတယ် မောင်မိုးသူရေ..။ ပျော်ရွှင်ချမ်းမြေ့ပါစေနော်။

    ခင်လျက်
    မြတ်

    ReplyDelete
  5. ဘယ်တော့မှမေ့လို့ မရတဲ့နေ့ လေးပေါ့မိုးသူရေ

    ReplyDelete
  6. မိုးသူရေ...
    ကဗျာရေးကောင်းတယ်။ ခံစားချက်တွေ ပုံဖော်တတ်တယ်.
    မိုးသူလို မရေးတတ်ဘူး။
    ဒါပေမဲ့ မိုးသူနဲ့အတူ ဂုဏ်ပြုခဲ့ပါတယ်။


    ခင်မင်တဲ့
    အလွမ်း

    ReplyDelete