သင်္ကေတမဲ့နေသောသတိရခြင်းများ



အလွမ်းတွေဘာသာပြန်ရတာခက်လွန်းလို့ 
သံယောဇဉ်အဘိဓါန်ထူထူထဲမှာ
အနမ်းစောင်ပါးပါးလေးခြုံလို့ 
အချစ်သံစဉ်လေးတွေဖွဲ့ ချင်တယ် ။

တခါတလေ
နုလုံးသားကထွက်ကျလာတဲ့
အရည်ပျော်မာနတွေက
မျက်ဝန်းအိမ်ထဲမှာငွေ့ ရည်ဖွဲ့ ရင်
နင့်ရှိတဲ့နေရာလေးကိုခေါ်ဆောင်သွားဖို့ 
ငါ့ကိုတိုးတိုးလေးပြောကြတယ် ။

တမ်းတရတာတွေများလွန်းလို့ 
မျက်ရည်ခပ်စမ်းစမ်းနဲ့ 
ဝမ်းနည်းခဲ့ဖူးတဲ့ညတွေမှာ
ငါရဲ့ အသဲဒေါင့်တနေရာက
ဖြာထွက်လာတဲ့မြတ်နိုးခြင်းသမုဒယနဲ့ 
နင့်ရဲ့ အကြောင်းကဗျာတွေဖွဲ့ ခဲ့ဖူးတယ် ။

သတိရခြင်းတွေနဲ့ 
ပိန်းပိတ်အောင်မှောင်နေတဲ့
ငါ့ကမ္ဘာမှာအလင်းတန်းတခုအဖြစ်
ရပ်တည်ပေးခဲ့တဲ့ ချစ်သူရေ
နေ၀င်ရက်တွေကိုလက်ချိုးရေတွက်လို့ 
ပင့်သက်ရှိုက်လိုက်တိုင်းမှာ
နင့်နာမည်လေးလှိုင်းထနေတတ်ပြီ ။

မိုးသူ(တောင်ကြီး)
06 July 2012/Friday
03:55/PM

6 comments:

  1. အားပေးသွားပါတယ်..

    ReplyDelete
  2. အချစ်သမားရဲ့ စာစုလေးပေါ့

    ReplyDelete
  3. ကဗျာကောင်းတွေထွက်လှချေလား

    ReplyDelete
  4. အလွမ်းတွေဘာသာပြန်ရတာခက်လွန်းလို့ 
    သံယောဇဉ်အဘိဓါန်ထူထူထဲမှာ
    အနမ်းစောင်ပါးပါးလေးခြုံလို့ 
    အချစ်သံစဉ်လေးတွေဖွဲ့ ချင်တယ် -----
    ကောင်းလိုက်တဲ့အတွေးတွေနော်

    ReplyDelete
  5. စကားလုံးတွေက ဖျားလောက်တယ်ဗျို့ ........

    ReplyDelete
  6. မိုးသူရေ..

    မကြီးလွမ်းနဲ့ စံပယ်က အကြိုက်ချင်း အမြဲတူနေပါရော့လား.

    အလွမ်းတွေဘာသာပြန်ရတာခက်လွန်းလို့ 
    သံယောဇဉ်အဘိဓါန်ထူထူထဲမှာ
    အနမ်းစောင်ပါးပါးလေးခြုံလို့ 
    အချစ်သံစဉ်လေးတွေဖွဲ့ ချင်တယ် ။


    ကဲ..ခုလည်း မိုးသူလက်စွမ်းလေးထဲက ကြိုက်နှစ်သက်တာချင်း
    တူနေပြန်ရော။
    အားပေးသွားတယ် မိုးသူရေ.



    ခင်မင်တဲ့
    မကြီးလွမ်း

    ReplyDelete