အလွမ်းတွေနဲ့ တိုင်တည်ခြင်း



အစဉ်မြဲအချစ်တွေနဲ့ 
ရင်ထဲအမြစ်တွယ်ခဲ့ပြီကွယ်
ထိလွယ်ရှလွယ်တဲ့အသဲ
သူတယောက်ထဲကိုမှယုံမှတ်လို့ 
ပုံအပ်ခဲ့ပါတယ်နော် ။

ရင်ခုန်သံအနုအလှတွေနဲ့ 
အမြင်စုန်ဆန်သမုဒယတွေဖွဲ့ 
အခုကစလို့ ယုယမယ်ကွဲ့ 
အနုအလှတွေနွဲ့ ဆို
ပြုသမျှကိုတည်းနှောင်
ကမ္ဘာကြီးတုန်ဟီးသွားအောင်လို့ 
မောင့်အချစ်တွေနဲ့ သက်သေတည် ။

အချိုသကာစကားတွေနဲ့ 
ပိုမိုကာပမ်းစေရက်သလားကွယ်
အလွမ်းတွေနဲ့ နှလုံးသား
သူ့  ပုံရိပ်ကြားမှာမွေ့ လျော်
ဘ၀တကွေ့ အဖော်အဖြစ်လဲမှတ်ယူ
ထပ်တူကျမဲ့ မေတ္တာတွေနဲ့ 
ဂတိသစ္စာလဲတည်စေ့မယ်ကွယ် ။    ။


မိုးသူ(တောင်ကြီး)

29mAy2012/Tuesday
06:57/AM

5 comments:

  1. အစဉ်မြဲအချစ်တွေနဲ့ 
    ရင်ထဲအမြစ်တွယ်ခဲ့ပြီကွယ်
    ထိလွယ်ရှလွယ်တဲ့အသဲ
    သူတယောက်ထဲကိုမှယုံမှတ်လို့ 
    ပုံအပ်ခဲ့ပါတယ်နော် ။လူတစ်ယောက်ကိုယုံလိုက်ပြီဆိုတာနဲ့ အညာခံရဘို့
    သေချာသွားပြီလို့ ကြားဖူးတယ် :P

    ReplyDelete
  2. အစဉ်မြဲအချစ်တွေနဲ့ 
    ရင်ထဲအမြစ်တွယ်ခဲ့ပြီကွယ်
    ထိလွယ်ရှလွယ်တဲ့အသဲ
    သူတယောက်ထဲကိုမှယုံမှတ်လို့ 
    ပုံအပ်ခဲ့ပါတယ်နော်-------
    သများတို့နဲ့ လာပြီးတူနေပြန်ပြီကွယ်
    ကောင်းချက်ကတော့

    ReplyDelete
  3. မိုးသူရေ...ကဗျာကောင်းလာ လာရောက်ခံစားသွားတယ်။
    ရေးလည်းရေးတတ်ပါ့နော်. တူများတွေများရေးတတ်လိုက်ထှာ။
    (( စံပယ်နဲ့ညီမလေးလမင်းလိုဘဲ အကြိုက်တွေလာတူနေတယ်.))အဟင့်

    အစဉ်မြဲအချစ်တွေနဲ့ 
    ရင်ထဲအမြစ်တွယ်ခဲ့ပြီကွယ်
    ထိလွယ်ရှလွယ်တဲ့အသဲ
    သူတယောက်ထဲကိုမှယုံမှတ်လို့ 
    ပုံအပ်ခဲ့ပါတယ်နော် ။

    ဆက်လက်အားပေးနေမည်။

    ခင်မင်တဲ့
    အလွမ်း

    ReplyDelete
  4. ကဗျာလေးကကောင်းလိုက်တာ..နူးညံ့နေတာပဲ

    ReplyDelete
  5. အလည်တစ်ခေါက်ရောက်လာရင်းထိရှလွယ်တဲ့အသဲလေးကို သေချာထုပ်ပိုးထားဖို့အကြံပေးသွားပါတယ်း))


    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete