ဟောဟိုမှာကြည့် ... သိလား ..တွေ့ လား ..


ဟောဟိုမှာကြည့် ... သိလား ..တွေ့ လား ..
ကိုယ်သင်းရနံ့ တွေသင်းထုံနေတဲ့ခေတ်ကြမ်းကြီးထဲမှာ
ဒီလူနည်းစုပေါ့....ချွေးဒီးဒီမကျခဲ့ပါပဲ
စနစ်ဆိုးတွေကြောင့်ရွှေရောင်အိမ်မက်တွေမက်
ရက်စက်ခံလူတန်းစားသန်းခြောက်ဆယ်ကျော်ရဲ့သတင်းတွေဟာ
ရင်အစုံကိုအပ်ဖြားနဲ့စွသလိုခံပြင်းလှသဟဲ့ ။

ဟောဟိုမှာကြည့် ... သိလား ..တွေ့ လား ..
သမိုင်းကွေ့ တခုမှာတော့...
အလောင်းစည်သူမင်းတရားကြီးရဲ့ ဝရဇိန်
 ကြိမ်စင်္ကြာနဲ့ ရိုက်တိုင်းရေပြင်ဖြစ်သတဲ့
 အာဏာမှိုင်းတိုက် ဒိလူနည်းစုတသိုက်မှာတော့
လက်ညိုးညွှန်တိုင်းငွေပင်ဖြစ်လေသတဲ့ကွယ် ။

ဟောဟိုမှာကြည့် ... သိလား ..တွေ့ လား ..
အမိအရ၀ါးနေတဲ့ ဒီလူနည်းစုတသိုက်
တုံးတိုက်တိုက်ကျားကိုက်ကိုက်အလုပ်တွေနဲ့ 
လူထုရဲ့ ရတက်မီး လောင်မြိုက်အောင်
ဘဏ္ဍာတိုက်ကို..အချောင်နှိုက်မျိုစို့ 
ကျူပ်တို့ တွေငိုဖို့ ကလွဲပြီး မတတ်နိုင်ပြီ ။

ဟောဟိုမှာကြည့် ... သိလား ..တွေ့ လား ..
နင်းပြားတို့ နေထိုင်ရာ အရပ်
မီးမရှိရေမလာ နေရာတကာမှာ
ဗျာပါဒမျက်နှာတွေနဲ့ သေဖို့ တောင်စရိတ်ခက်
ဒီလူနည်းစုအရှက်မဲ့တာကတော့
ပြောမဆုံးပေါင် တောသုံးတောင် တဲ့ ။

ဟောဟိုမှာကြည့် ... သိလား ..တွေ့ လား ..
ဒီလူနည်းစုတသိုက်ရဲ့ မင်္ဂလာဆောင်
သာမန်လူတွေခြံပေါင်ရင်တောင်မလောက်ငှ
နောက်ဘ၀ဘာတွေဖြစ်ကြမည်မသိ
အခုထိတော့ သိကြားမင်းရဲ့ လက်နက်ကလွဲနေတုန်း ။

ဟောဟိုမှာကြည့် ... သိလား ..တွေ့ လား ..
သာသနာကဘုန်းဘုန်းတွေကို
အတုံးအရုံးရိုက်နှက်ခဲ့တာ
ဘယ်သူတွေလဲ
ဘယ်ကလဲ
ဘယ်သွားမှာလဲ
အပယ်လားမယ့်
သင်း ..တို့ တတွေကို
အမျှတောင်မဝေချင်
မိုးသူ(တောင်ကြီး)

09 July 2012/Monday
10:55/AM

2007 စက်တင်ဘာ
ရွှေဝါရောင်သို့ .......

3 comments:

လွင်ပြင်လှိုင်းငယ် said...

ဟောဟိုမှာကြည့် ... သိလား ..တွေ့ လား ..
သာသနာကဘုန်းဘုန်းတွေကို
အတုံးအရုံးရိုက်နှက်ခဲ့တာ
ဘယ်သူတွေလဲ
ဘယ်ကလဲ
ဘယ်သွားမှာလဲ
အပယ်လားမယ့်
သင်း ..တို့ တတွေကို
အမျှတောင်မဝေချင်

တကယ်ကိုပဲ တွေ့ခဲ့ပါတယ် ။

Angelhlaing(May everybody be happy and healthy! said...

ဒီလိုပါပဲ ဘဝကို အခြေခံတဲ့ ရသတွေဟာ ..နာကြည်းသံတွေ ဆွတ်ပျံနေတက်တယ်..... ခံစားအားပေးလျှက်ပါလို့..

ချစ်စံအိမ် said...

ဟောဒီမှာကြည့် လာဖတ်သွားတယ် :P

Post a Comment