ခိုးကူးခံခဲ့ရသောကဗျာများဆီသို့ ငြီးခြင်း


တကယ့်ရိုးရိုးကဗျာပါပဲ
အမျိုးမျိုးလဲတွေးကြည့်ပါတယ်
သူခိုးဆိုးဘေးလဲကြောက်ရ
ခိုးကူးတဲ့ဗလာနကိုလန့် ရနဲ့ 
အန္ဓတွေဟာအရှက်မရှိကြတာယုံပြီ ။

အက္ခရာ ရစ်သန်
အမြင်မှန်တဲ့နမိတ်ပုံ
အရိပ်စုံအောင်ဖော်ကျူး
စကားလုံးတွေနဲ့ပျော်မြူးချင်ပေမယ့်
ဒီအရူးကတော့..ခိုးကူးဖို့ 
လောက်ပဲစဉ်းစားမှာပေါ့ ။

ကဗျာတွေကိုသာခင်တွယ်
အထင်ဟာလွယ်ပေမယ့်
တကယ်အသေချာတွေးကြံ
ပိုင်ရှင်အမှန်ရဲ့ ရင်တွင်း
ဘယ်လောက်ပူပြင်းနေလိုက်မလဲ ။

ဂုဏ်ပြုပေးဖို့ တောင်ဝန်လေး
မင်းတို့ မြင်အောင်တွေးကြည့်ကြပေါ့
ကျူပ်ပြောရင်ထိလိမ့်မယ်
အသိမလွယ်တဲ့ဦးနှောက်
ကုန်းကောက်ဖို့ မရှိတဲ့ဥာဏ်နဲ့ 
ကိုယ့်အထွာကိုယ်ပြ
ကိုယ့်သိက္ခာကိုယ်ချလို့ 
အနုသုခုမကိုမှ
ခိုးရက်သတဲ့လား
စားထားတဲ့ထမင်း
အပင်းသာဖြစ်လိမ့်မပေါ့ ။

မိုးသူ(တောင်ကြီး)
01 July 2012 / Sunday
09:23/AM

ဒီကဗျာရေးလို့ မိုးသူကိုဝိုင်းမသမကြပါနဲ့ 
သူငယ်ချင်းတွေရဲ့ ကဗျာတွေ ခိုးယူခံရပြီး
တခြားကလောင်အမည်ခွဲနဲ့ Facebook မှာတင်လို့ 
ခိုးခံရတဲ့ကဗျာတွေအစား
ဒီကဗျာလေးကိုရေးခိုင်းကျလို့ 
ရေးဖြစ်သွားတာပါ ။


















4 comments:

  1. ဟုတ်တယ်ဗျို့  အဲ့ဒါမျိုး က သမီးတော် လည်းကောင်းကောင်း
    ကြုံဖူးတယ် အံ့ရောပဲ သူကိုယ်တိုင်ရေးထားသလိုပဲ လုပ်တာ

    ReplyDelete
  2. ဟုတ်တယ်ဝေ့ အကို့ ကဗျာတွေခိုးခံရတုန်းက တော်တော်ခံပြင်းခဲ့ရဖူးတယ် ။

    ReplyDelete
  3. သများတို့ကရိုးနေပါပြီကွယ်
    နာမည်ကြီးဆိုတဲ့ကဗျာဆရာမကြီးတယောက်ကလဲ(နိုင်းဆိုဒ်တခုက)
    ဟိုကတစ်ကြောင်း ဒီကတစ်ကြောင်းနဲ့ သူ့အတွက်တစ်ပုဒ်ဖြစ်သွားရောကွယ်
    သိချင်ရင်ပြောပြမယ်ကြုံတဲ့အခါပေါ့နော်

    ReplyDelete
  4. အဟီး..ပေါက်ကွဲ သံစဉ်လေးတွေပေါ့။
    နားထောင်သွားတယ်။ လွင်ပြင်ရော သမီးတော်ရော စံပယ်ခံစားချက်တွေပါ
    တစ်ခါတည်း နားထောင်တွားတယ်။
    မိုးသူရေ... ဂလိုက ဂလိုပေါ့နော်..



    ခင်မင်တဲ့
    မကြီးလွမ်း

    ReplyDelete