ကဗျာစုပ် ဖုတ်ကောင်
ချစ်သူရဲ့ ပျော်ရွှင်မှုတွေကို
ရက်စက်စွာသတ်ဖြတ်မလို့ 
ငါ့ရဲ့ ရင်ခုန်သံတွေတိုင်းမှာ
သွေးညှီနံ့ တွေရနေတယ် ။
ချစ်သူရေ....
ငါ့အတွက်ကဗျာတပုဒ်
ခပ်မြန်မြန်ဖန်ဆင်းပေးပါ
ငါဟာ....
ကဗျာတွေရဲ့ ဝိဥာဉ်ကိုစားသုံးနေတဲ့ 
ဖုတ်သရဲတကောင်ဖြစ်နေခဲ့ပြီ ။
ငါ့ရဲ့ အဟာရဟာ
နင်ရယ် ကဗျာရယ်
ဝိုင်တခွက်ရယ်
ပေါင်မုန့် တလုံးရယ်
ရူးသွပ်နေကြ
သံစဉ်တွေရယ်ရှိရင်
ငါ့ရဲ့ ကောင်းကင်မိုးလင်းပြီ ။  ။
မိုးသူ(တောင်ကြီး)
02 JUNE 2012/Saturday
08:43/PM
7 comments:
  1. အွန်..အဲ့လိုလား ..ဒါ ဆိုမြန်မြန်ရေးပေးလိုက်ကြ
    တော်နေကြာ......
    ReplyDelete
  2. နင်ရယ်
    ကဗျာရယ်
    ပြည့်စုံနေပါပြီ
    ReplyDelete
  3. နောက်ဆုံးအဆုံးသတ်ပိုဒ်လေး သဘောကျတယ်
    ReplyDelete
  4. ကဲ.. ကဗျာလေးတစ်ပုဒ် မြန်မြန်aရးပေးလိုက်ပါကွယ်
    ReplyDelete
  5. ခပ်မြန်မြန်ဖတ်ပြီး ခပ်မြန်မြန် ပြန်ပြေးပြီ။ မတော်..
    နောက်တာပါ မိုးသူရေ..။ ကဗျာလေး ဖတ်သွားပါတယ်။
    ခင်မင်စွာဖြင့်
    မြတ်ပန်းနွယ်
    ReplyDelete
  6. ပြည့်စုံတာလေးသဘောကျတယ်
    ReplyDelete
  7. ကင်မ်ကတော့....
    အသည်းကွဲတဲ့ညနေခင်းမှာဆိုရင်
    ဂစ်တာတလက်ရယ်..
    သီချင်းတစ်ပုဒ်ရယ်..
    ရှိရင် အရာရာပြည့်စုံပြီလို့ တွေးခဲ့ဖူးတယ်...။း)
    ReplyDelete