ချော့သည်


အထင်မလွဲပါနှင့်
အဆင်ကွဲတဲ့အချစ်နဲ့ 
ရင်ထဲမှာလဲနင့်နေရတယ်ကွယ်

တကယ်ပဲချစ်ခဲ့ပါတယ်
အလွယ်လေးစစ်ရှုံး
ဘယ်တော့မှလဲမပစ်မုန်းဘူးကွယ်

နားလည်ပေးပါကွဲ့ 
ထားခဲ့မယ့်ဆိုတဲ့အတွေး
ရေးရေးလေးတောင်မတွေးမိပါဘူးကွယ်

စာနာသနားပါနော်
မာယာများတဲ့အပြုံး
ယောင်လို့ တောင်မသုံးခဲ့ပါဘူးကွယ်

ကြင်နာလှည့်ပါကွဲ့ 
တမင်တကာရွဲ့ လျှင်ဖြင့်
မမြင်သာမျက်ရည်နဲ့ 
ကြေကွဲပါ့မယ်ကွယ်

လစ်လျူမပြုပါနှင့်
အချစ်တူခဲ့ရင်တောင်
ဒီမောင်ဟာပိုကဲ
နဂိုထဲကချွဲတတ်တဲ့စကားနဲ့ 
နှလုံးသားဟာလဲထပ်တူကြစေ့မယ်ကွဲ့ ........


မိုးသူ(တောင်ကြီး)
06 mAy 2012/Sunday
05:30/PM

မိုးသူကောင်မလေးတယောက်ကိုချော့ထားတဲ့ ကဗျာလေးဖြစ်ပါတယ်
နဲနဲလေးပေါထားလို့ 
သည်းခံပြီးဖတ်ပေးသောသူငယ်ချင်းများအားကျေးဇူးတင်ပါတယ်

5 comments:

  1. အထင်မလွဲပါနှင့်
    အဆင်ကွဲတဲ့အချစ်နဲ့ 
    ရင်ထဲမှာလဲနင့်နေရတယ်ကွယ်
    စာသားကဗျာလေးကိုအရမ်းကြိုက်တယ်လေးစားပါတယ်ဗျာ...

    ReplyDelete
  2. လစ်လျူမပြုပါနှင့်
    အချစ်တူခဲ့ရင်တောင်
    ဒီမောင်ဟာပိုကဲ
    နဂိုထဲကချွဲတတ်တဲ့စကားနဲ့ 
    နှလုံးသားဟာလဲထပ်တူကြစေ့မယ်ကွဲ့ ........

    မိုးသူကဒါမျိုးတွေလဲ ရတာပဲနော်

    ReplyDelete
  3. နဲနဲလေးပေါထားတာလည်း ဖတ်လို့ကောင်းပါတယ် :D

    ReplyDelete
  4. ကဗျာလာဖတ်သွားပါတယ်။။

    ReplyDelete
  5. ကောင်မှကောင်း

    ReplyDelete