အတ္တဟိတ





ဒေါက်....ခနဲ ....
အပ်ကျသံအဆုံးမှာ
နယ်ချဲ့ သမားတွေ
မုသာဝါဒကံလွန်ကျူးဖို့ 
မီးစိမ်းလင်းလာတယ်

တည်ငြိမ်နေတဲ့ရေပြင်ပေါ်
ခဲကျတာမဟုတ်သ၍
ငါမတုန်လှုပ်ဘူး
လှိုင်းကြက်ခွပ်တွေ
အဲဒီလိုမာနကြီးမယ်



ပြေးစမ်း.........
ရှေ့ ရောက်အောင်ပြေး
ငါ့အတွေးမမှီရင်နေခဲ့မယ်
ဒီနေရာမှာ
ကြက်ခြေခပ်လိုက်ပါ
ငါ့ဓါးငါ့ဓါးအိမ်ထဲ
ပြန်သွင်းလိုက်မယ်

အခုပဲ ......
...အခုလေးတင်ပဲ....
ငါ့နာရီအခိုးခံလိုက်ရတယ်
မိုးပျံနေတဲ့ ချွတ်ချော်မှု
ကမ္ဘာကြီးလည်နေတာ
အပြစ်တခုဖြစ်ပြန်တယ်

ငါဟာအမြဲလိုလို
မိုးချုပ်နေခဲ့တယ်
ဆိုးယုတ်တဲ့ ညနေခင်းတွေပိုင်တယ်
မဆိုင်တာတွေနောက်ဆုတ်
အခြောက်ရုပ်နဲ့ လောကဓံရေ
ငါဟာ သံသရာထဲမျောပြန်ပြီ

မိုးသူ(တောင်ကြီး)
10mAy2012/Thursday
02:46/PM

5 comments:

  1. မိုးသူရေ လာဖတ်ပြီး ပထမဆုံး မန့်သွားတယ်နော်။ အားပေးနေမယ်။



    ခင်မင်တဲ့
    အလွမ်း

    ReplyDelete
  2. အခုပဲ ......
    ...အခုလေးတင်ပဲ....
    ငါ့နာရီအခိုးခံလိုက်ရတယ်
    မိုးပျံနေတဲ့ ချွတ်ချော်မှု
    ကမ္ဘာကြီးလည်နေတာ
    အပြစ်တခုဖြစ်ပြန်တယ်

    အဲဒီစာသားတွေကိုကြိုက်တယ်

    ReplyDelete
  3. တည်ငြိမ်နေတဲ့ရေပြင်ပေါ်
    ခဲကျတာမဟုတ်သ၍
    ငါမတုန်လှုပ်ဘူး
    လှိုင်းကြက်ခွပ်တွေ
    အဲဒီလိုမာနကြီးမယ်

    စာသားတွေမိုက်တယ်

    ReplyDelete
  4. အကုန် ကောင်းတယ် ဟီး
    အားပေးနေမယ်..

    ReplyDelete
  5. အခုလေးတင်ပဲ ငါညစာစားပြီးတယ်.. အိပ်ငိုက်လာတာ အပြစ်တစ်ခုဖြစ်ပြန်တယ် (ဟိ ခင်လို့စတာနော်)
    ကဗျာကောင်းလေးများကို အမြဲအားပေးလျက်
    ခင်တဲ့ Snow

    ReplyDelete